Thursday, October 28, 2010

မီးငြိမ်းတောင်မဟုတ်တဲ့ မီးတောင်

လှော်ခတ်သူနဲ့  လှေ
ညီမျှကာနေမှ
ရည်ရွယ်ရာဆိပ်ကမ်း
တန်းတန်းမတ်မတ်။

ခုတော့
ဟိုဖက်က အစိမ်းရောင်ကျောက်တုံး
ဒီဖက်က အစိမ်းပြောက်ကျောက်တုံး
တ၀ုန်းဝုန်းတဒုံးဒုံးနဲ့ 
ဝရုန်းသုံးကား ဖြစ်နေပုံများ
မီးစာပမာမြေဇာပင်ငါတို့ ဘဝ
လောင်ကျွမ်းရတာပြီးကိုမပြီးဘူး။

လူသာအခွင့်အရေးလမင်းခမျာ
သံလွင်ကိုက်ချီ ဂျိုးငှက် နဲ့ အတူ
မြန်ပြည်သူတွေအပေါ်
ဖေါ်ဖေါ်ရွေရွေ
လင်းလက်ချင်လဲ
ပါဝါအာဏာကို
မြင်းရိုင်းတကောင်လိုခွစီး
ရမ္မက်ကြီးကြီးနဲ့ မောင်းနှင်
ကိုယ့်ကိုယ်ကို ဘုရင်ထင်သူတွေ
ယမ်းငွေ့ ဝေမိုးတိမ်
မိုးတိမ်လို ဥပဒေ တွေနဲ့ 
ပိတ်ပင်ကာဆီး
ပြည်ဖုံးကားကြီး ချဖို့ ကြိုးစားနေကြ။

နိုင်ငံတော်ဥပဒေဆိုတာ
သေနတ်ပြောင်းဝက
သူတို့ ကိုထိပါး
ဆင်ချင်တုံ ဆင်းရဲနွမ်းစွာ
ဇွတ်အတင်း ဂမူးရှူးထိုးရုန်းထွက်လာကြ
ပြည်သူတွေက ဘာမှမသိသေးခင်
အသစ်ထွင် ပြဌာန်းပြီးပြန်ပြီ။

ပြည်သူတို့ ရဲ့ ကြား
တငွေ့ ငွေ့ ခြင်းလောင်ကျွမ်း
ယမ်းငွေ့ ပမာ ဖွဲမီးပြာအောက်က
အချိန်မကိုက်ထားတဲ့
အချိန်ကိုက်ဗုံး
ဗြုန်းဆိုထပေါက်အုံးမှာပါ။

Monday, October 11, 2010

ဝါးမျိုခံရသော အမှန်တရား

ရာဇ တောဝါမီး
လောင်ပြီးတဲ့နောက်
ဒီဖက် တလျှောက်လုံးမှာပေါ့။

ဘ၀တွေ
စုတ်ပြဲဖျော့တော့
ကျောကော့ အခံရချက်က
ကော့စရာ ကျောတောင်မကျန်တော့။

မသေရေးအတွက်
ဖြေဆေးအကွက်ရှာ
အမှန်”တွေကို လုံခြုံရာသိမ်းဆည်း
မမှန်”တွေကိုကုန်စည်လိုဖလှယ်ကြ
လက်လီ-လက္ကား
ရောင်းဝယ်ဖေါက်ကားကြ။

ဘ၀စုံကျင်လည်မှုကြား
လောကပါလ တရားပျောက်ဆုံးပုံက
မမှန်”တွေကကြီးပွါး
အမှန်”တွေကနွမ်းပါး
အာဏာ ကစားတဲ့ကြား
လုံးပါး ပြားခဲ့ရ။

အမှန်”ရောင်းသူတွေ
တချို့ ရုပ်မပါတဲ့ ဘဝ
တချို့ နာမ်မပါတဲ့ ဘဝ
တချို ကလေးပြန်ဖြစ်ကြ
တချို့ လေးနံရံနဲ့ အစောင့်အရှောက်ခံလိုက်ရ
တချို့ ပင်လယ်ကိုကျော်ပျံသန်းကြ
ပြည်တွင်းစစ်နဲ့ မလှပတဲ့ နိုင်ငံ
ဒါ...မြန်မာနိုင်ငံပေါ့

မှန်တယ်လို့ လက်ခံတယ်ဆိုရင် လက်ခုတ်တီးပါ။
လှပတဲ့ လူသားဘ၀ တွေပိုင်ဆိုင်နိုင်ကြပါစေ။

Thursday, October 7, 2010

ဤခရီးနီးသလား

ရပ်တန့် ခြင်းမဲ့ လောင်စာဆီ
အဲဒီဆီထည့်မောင်းတဲ့ ရထားတစီး။

လမ်းဟောင်းကိုချန်ခဲ့
လမ်းသစ်ဆီချီတက်
တချက်တချက်နှေးလိုက်
တချက်တချက်မြန်လိုက်
တစိုက်မတ်မတ်မောင်းနှင်ဆဲ ရထား
အဲဒီရထားပေါ်မှာပေါ့
ဆင်ဖမ်းမယ်
ကျားဖမ်းမယ်ဆိုသူတချို့ 
မိုးပျံပူဗေါင်းရောင်းပြီး
သူရဲကောင်းကြီးဆိုသူတချို့ 
သွေးနောက်ပြန်စီး
မျက်လုံးနီကြီးနဲ့ သူတချို့ 
ဝါးပြီးသား”ပိကေ”တွေကို
ပြန်ပြန်ဝါးနေကြသူတချို့ 
လမ်းအိုကိုငြီးငွေ့ တယ်ဆိုပြီး
သူတိုကိုယ်တိုင်အိုနေကြသူတချို့ 
ဆင်းသွားကြသူတချို့ 
တက်လာကြသူတချို့ 
ခရီးဆုံးမရောက်မချင်း
ကိုယ့်အိမ်ယာလို
ရထားကြီးကို ခင်တွယ်မြတ်နိုးကြသူတချို့ 
သည်သို့  ထိုသို့ 
ဟိုသို့  ဒီသို့ 
သူတို့ 
သူတို့ တွေနဲ့ 
ဤရထားကြီး
ခရီးမနီးပေမဲ့
ဂျုံးဂျုံး ဂျက်ဂျက်
ခရီးဆက်လျှက်.။ ။

Tuesday, September 28, 2010

ဖါးနဲ့ ကျား

”ဖါးနဲ့ ကျား”

ထေရ၀ါဒ ထိပ်ခေါင်မြန်မာပြည်
မြေကြီးက ရွှေသီးခဲ့တဲ့မြန်မာပြည်
သံယံဇာတ ပေါကြွယ်ဝတဲ့မြန်မာပြည်
အာရှတိုက်ရဲ့ စပါးကျည်ဖြစ်ခဲ့ဖူးတဲ့မြန်မာပြည်
အဲဒီမြန်မာပြည်ပေါ့
တဆယ့်ခြောက်မျက်နာ အနံ့ 
လှည်းနေ လှေအောင်း မြင်းစောင်းမကျန်(ရှေးစကား)
ပြည်တွင်းစစ်ဒါဏ်
အလူးအလဲခံနေရဆဲ။

စစ်ရိပ် စစ်ငွေ့ တဝေေ၀
အစိုးရပိပိ မအုပ်ချုပ်နိုင်တဲ့
ရက်ရက်စက်စက်
လိပ်တကောင်လို
အုပ်ချုပ်မှုယန္တရားစနစ်အောက်
သဘာဝကပေးတဲ့
လူ့ အခွင့်ရေးတွေပျောက်
အမျိုးပျောက်မှာ စိုးကြောက်လို့ 
အပြောင်းအလွဲအတွက်
အသက် သွေး ချွေးတွေပေးဆက်ခဲ့ရ
ကမ်းကုန်မလောက်ဖြစ်ခဲ့ရတဲ့ကြား
တချို့ လူသားတွေ
လိပ်လိုလိုလူ
ဖါးလိုလိုလူ
အတ္တထူထူနဲ့ ပေါ့။

အခွင့်အရေးနဲနဲရွာတဲ့မိုး
ကျောကုံးပေါ်စိုယုံရွာတဲ့မိုး
မိုးရွာတုံးရေခံ
ဖါးသံတွေက တအုံးအုံး တပြုံးပြုံး။

ဖါး
ခွဲစိတ်ခန်းထဲ
ဓါးပါးပါးနဲ့ နှစ်ပါးသွားတဲ့
ဆေးကျောင်းထဲကဖါး
အဲဒီဖါးလိုမဟုတ်
မိုးဖွဲဖွဲသဲသဲ
လယ်ကွင်းထဲက ဖါး
အဲဒီဖါးကလူကိုအကျိုးပြု
အုပ်စိုးသူရဲ့ ဖါး
ဟိုနားဒီနားဟစ်အော်
အရှင်ပျော်ဖို့ ..သခင်မော်ဖို့ 
သတို့ အတွက်ပါ
လူထုရဲ့ တုတ်ဟာ
ဖါးရဲ့ ကျောပေါ်မှာဝဲနေပေါ့။

ကျုပ်တို့ က
ဘာဖြစ်လို့ ဖါးအဖြစ်နဲ့ သွားကြမှာလဲ
ကျားအဖြစ်နဲ့ သွားနိုင်ရက်သားနဲ့ ။ ။

Sunday, September 19, 2010

ပြိုင်ရဲလို့ လား အသင်

သေမင်းလိုနေမင်းရဲ့ ပူပြင်းဒါဏ်
ကြံ့ကြံ့ခံဆွေ့ ဆွေ့ ခုန်
တော်သလင်းနေ နွေအဟုန်ကြောင့်
လယ်ကသင်းပေါ်က ပုဇွန်လုံးလေး
မင်းအဖြစ်ကမသေးပေမဲ့
လူစင်စစ်ကငါတို့ အဖြစ်နဲ့ ယှဉ်ကြည့်ပါအုံး။

ကြက်ဟင်းခါးကိုအသာထား
တမာအသားကိုသုံးခွက်တခွက်ကျန်ပြုတ်ရေက
ငါတို့ ဒုက္ခခါးသီးမှုနဲ့ 
ယှဉ်ကြည့်
မင်းခါးသီးမှုတွေက
လိုအပ်ချက်အတုံးအရုံးနဲ့ ။

လှော်လီလည့်စား
မာယာများကို
ကျွမ်းကျင်ဓါးသမား
ညမှောင်မှောင်မှာလှည့်ပတ်ကစားသလို
အပိုအလိုမရှိ
ပိုင်နိုင်ပါဘိ မိန်းခလေးရယ်
ဒါပေမဲ့
နှိုင်းယဉ်ထုတ်နုတ်
ငါတို့ ကိုမင်းမူအုပ်ချုပ်
မျှော့သွေးစုတ် အမြတ်ထုတ်သလို
ဥမပဒေ တွေကထောင်ပုံရာပုံ
အုပ်ချုပ်ပုံမင်းမဲ့
ရမ္မက်ထူထူ အာဏာရူးအစိုးရနဲ့ 
ယှဉ်ကြည့်ပါအုံး
မင်းပဲကျရှုံမှာပါ။

ကွေ့ ကွေ့ ကောက်ကောက်
အနိမ့်အမြင့်ဂျောက်တွေနဲ့ 
ထောင်ချောက်များတဲ့ မြစ်နဒီ
မင်းမှီမယ်ထင်
ယှဉ်ကြည့်လိုက်တော့
အာဏာလုစစ်အစိုးရနဲ့ ပေါ့။

ပါဝါအာဏာကို
သားရေကွင်းလိုဆွဲဆန့် ရှည်ထားချင်တဲ့အစိုးရ
ပြည်မြန်မာကို
ကကြိုးမပါတဲ့ မြင်းတကောင်လို
ခွ စီးချင်တဲ့အစိုးရ
ပြည်သူ့ ကိုယ်ပိုင်အခွင့်အရေးကို
ဂူသွင်းမြေမြုတ် သဂြိင်္ုလ်ပစ်ချင်တဲ့အစိုးရ။

အကောင်အထည်ကိုမဆိုထားနဲ့ 
ပုံရိပ်ထင်ဖို့ အရေး
စိတ်ဆင်ခြင်တွေးရင်တောင်
တေဇောထန်ပြင်း နဂါးတကောင်လို
အငြိုးတကြီးလှမ်းပေါက်
ကမ္ဘာကျော်တဲ့ မြွေဟောက်တွေ။

လောကကြီးကမမြဲဘူးဆိုတာ
သူတို့ မသိကြလေရော့သလား။

Friday, September 17, 2010

ကဲ...ဘယ်လိုလဲ

ကျကျနန
မမျှတဖို့ 
အကွက်ချအစီအစဉ်
ဖြစ်စဉ်တွေကြည့်ကြစို့ ။

ရှစ်ဆယ့်ရှစ်လူသတ်ပွဲ
ဒီပဲယင်း လူကို +-*/တွေကရိုက်တဲ့ပွဲ
စက်တင်္ဘာ သံဃာတော်အရှင်မြတ်များအား
+-/*တွေကရိုက်တဲ့ပွဲ
ကမ္ဘာကတောင် အံခဲ တောက်ခေါက်ခဲ့ကြ
မေ့လို့ မှမရတာ
ဂဲ(ခဲ)မှန်ခဲ့တာအခါခါ။

ကိုးဆယ်ရွေးကောက်ပွဲ ဒင်းတို့ က ဖွဲစကွဲ
ရွှေဂုံတိုင်ကြေငြာစတမ်းလဲ ဖွဲနဲ့ စကွဲ
နှစ်ထောင့်ရှစ်ပုံဖေါ်မှုကိုတော့သဲသဲမဲမဲ
ကဲကဲလာလိုက်တာ
မဟာဗျူဟာအဆင့်ငါးကိုရောက်လို့ 
နောက်ပို့ နှစ်ဆင့်နဲ့ ဆို
ငါတို့ တွေ ကျွန်သက်ပိုရှည်ပြန်ပေါ့။

အော်...ခက်တာတွေထက်ပိုပိုခက်နေတာက
တော်ပါတန်ပါ
ပြောမရတဲ့အထဲ
လောက်တွေက
အသားထဲကထွက်ထွက်နေကြ
အခက်ရယ်ပွေ
ပွေလီရယ်ရှုပ်
တရုပ်ကလဲ
မြန်မာပြည်သဘာဝအရင်းအမြစ်
အလွန်ချစ်ဆိုပဲ။

ကဲဘယ်လိုလဲ
ဘယ်လိုမှမလဲဘူး
ကျောမွဲတွေကမွဲပြီးရင်းမွဲ
ကျွန်းသစ်တွေနဲ့ သံယံဇာတတွေက
သူတို့ အိတ်ကပ်ထဲ။

တ-စ-ည ဆိုတာ
မရမကနဲ့ ယှင်ပြိုင်
သူတို့ နိုင်ဖူးခဲ့တဆယ့်နှစ်နေရာစာ
ဟိုတုံးအခါကပါ
ဒီတခါတော့
သေချာသပေါ့ ဟန်မျီုး
အောင်လံကိုချိုး
ခါးထိုးပြီးကျန်မယ်ပေါ့။

ဗျိုး.....သတိတော့ထား
ခင်ဗျားတို့ ကိုက အားကိုးရလို့ လား
ကြံ့ဖွံ့ ကိုအားထားလိုက်ကြပြီ
အနားမညီတဲ့ ဒေသတချို့ 
အခွံချွတ်တွေဝင်ကကြ
လှလှပပ
ရွဲ့ စောင်းကြမယ့်
တခြမ်းမက ကပ်တဲ့ဒီပွဲ။

ပေါလောပေါ်နေတဲ့
မသေ တသေဆင်သေကောင်ကြီးလို
ပြည်မြန်မာရဲ့ 
နှစ်ထောင့်တဆယ်
ရွေးပြီးကောက်တဲ့ ဒီရွေးကောက်ပွဲ
အဲ ဒီအထဲ
သဲသဲမဲမဲနဲ့ ပဲ
ကျီးမည်းတွေက
နောင်တ တရနဲ့ 
အားးးး အားနဲ့ အော်ရမဲ့ကိန်း
အစိမ်းကြီးတွေရဲ့ လက်ထဲ
ကဲ...ဘယ်လိုလဲ။ ။

Monday, September 6, 2010

ရတနာမြေ

မဟာပထ၀ီမြေကြီးက တလွှာ
လွတ်လပ်မှုအတွက်
အသားတွေက တလွှာ
အရိုးတွေက တလွှာ
သမိုင်းအရပ်ရပ်နဲ့ 
အဖိုးအနဂ္ဂထိုက်တဲ့ တို့ မြေ။

သဘာဝလေထုက အဆင့်တဆင့်
လွတ်လပ်မှုအတွက်
ဝိညာဉ်ဖြူတွေက အဆင့်တဆင့်
သွေးရနံ့ တွေက အဆင့်တဆင့်
အသက်ချွေယမ်းငွေ့ တွေက အဆင့်တဆင့်
မကြေနပ်ပေမဲ့ဆုတောင်းသံတွေနဲ့ 
အဖိုးအနဂ္ဂထိုက်တဲ့ တို့ မြေ။

ဇလာရေပြင်ကြီးက တထပ်
လွတ်လပ်မှုအတွက်
သန့် ရှင်းသွေးဖြူတွေက တထပ်
မြစ်ချောင်းမှသည်
သမုဒယာ တနှံ့ အလျှား
အဖိုးအနဂ္ဂထိုက်တဲ့  တို့ မြေ။

ကျုပ်တို့ ပြန်မြန်မာ
ရတနာမြေပါ။