Sunday, September 19, 2010

ပြိုင်ရဲလို့ လား အသင်

သေမင်းလိုနေမင်းရဲ့ ပူပြင်းဒါဏ်
ကြံ့ကြံ့ခံဆွေ့ ဆွေ့ ခုန်
တော်သလင်းနေ နွေအဟုန်ကြောင့်
လယ်ကသင်းပေါ်က ပုဇွန်လုံးလေး
မင်းအဖြစ်ကမသေးပေမဲ့
လူစင်စစ်ကငါတို့ အဖြစ်နဲ့ ယှဉ်ကြည့်ပါအုံး။

ကြက်ဟင်းခါးကိုအသာထား
တမာအသားကိုသုံးခွက်တခွက်ကျန်ပြုတ်ရေက
ငါတို့ ဒုက္ခခါးသီးမှုနဲ့ 
ယှဉ်ကြည့်
မင်းခါးသီးမှုတွေက
လိုအပ်ချက်အတုံးအရုံးနဲ့ ။

လှော်လီလည့်စား
မာယာများကို
ကျွမ်းကျင်ဓါးသမား
ညမှောင်မှောင်မှာလှည့်ပတ်ကစားသလို
အပိုအလိုမရှိ
ပိုင်နိုင်ပါဘိ မိန်းခလေးရယ်
ဒါပေမဲ့
နှိုင်းယဉ်ထုတ်နုတ်
ငါတို့ ကိုမင်းမူအုပ်ချုပ်
မျှော့သွေးစုတ် အမြတ်ထုတ်သလို
ဥမပဒေ တွေကထောင်ပုံရာပုံ
အုပ်ချုပ်ပုံမင်းမဲ့
ရမ္မက်ထူထူ အာဏာရူးအစိုးရနဲ့ 
ယှဉ်ကြည့်ပါအုံး
မင်းပဲကျရှုံမှာပါ။

ကွေ့ ကွေ့ ကောက်ကောက်
အနိမ့်အမြင့်ဂျောက်တွေနဲ့ 
ထောင်ချောက်များတဲ့ မြစ်နဒီ
မင်းမှီမယ်ထင်
ယှဉ်ကြည့်လိုက်တော့
အာဏာလုစစ်အစိုးရနဲ့ ပေါ့။

ပါဝါအာဏာကို
သားရေကွင်းလိုဆွဲဆန့် ရှည်ထားချင်တဲ့အစိုးရ
ပြည်မြန်မာကို
ကကြိုးမပါတဲ့ မြင်းတကောင်လို
ခွ စီးချင်တဲ့အစိုးရ
ပြည်သူ့ ကိုယ်ပိုင်အခွင့်အရေးကို
ဂူသွင်းမြေမြုတ် သဂြိင်္ုလ်ပစ်ချင်တဲ့အစိုးရ။

အကောင်အထည်ကိုမဆိုထားနဲ့ 
ပုံရိပ်ထင်ဖို့ အရေး
စိတ်ဆင်ခြင်တွေးရင်တောင်
တေဇောထန်ပြင်း နဂါးတကောင်လို
အငြိုးတကြီးလှမ်းပေါက်
ကမ္ဘာကျော်တဲ့ မြွေဟောက်တွေ။

လောကကြီးကမမြဲဘူးဆိုတာ
သူတို့ မသိကြလေရော့သလား။

3 comments:

  1. ကိုသုံည
    ကဗျာတွေက အသက်ဝင်လိုက်တာရှင်
    လေးစားလျက်

    ReplyDelete
  2. မေခင့်ဘလောက် ဖွင့်လိုက်တော့
    ပထမဆုံးတွေ့တာနဲ့လာဖတ်သွားတယ်
    မဂ်လာပါ

    ReplyDelete
  3. သေမင်းလိုနေမင်းရဲ့ ပူပြင်းဒါဏ်
    ကြံ့ကြံ့ခံဆွေ့ ဆွေ့ ခုန်
    တော်သလင်းနေ နွေအဟုန်ကြောင့်
    လယ်ကသင်းပေါ်က ပုဇွန်လုံးလေး
    မင်းအဖြစ်ကမသေးပေမဲ့
    လူစင်စစ်ကငါတို့ အဖြစ်နဲ့ ယှဉ်ကြည့်ပါအုံး။

    ဘော်ဒါရေ
    နေကောင်းလား
    ကဗျာကကောင်းလိုက်တာ

    ReplyDelete