Friday, September 17, 2010

ကဲ...ဘယ်လိုလဲ

ကျကျနန
မမျှတဖို့ 
အကွက်ချအစီအစဉ်
ဖြစ်စဉ်တွေကြည့်ကြစို့ ။

ရှစ်ဆယ့်ရှစ်လူသတ်ပွဲ
ဒီပဲယင်း လူကို +-*/တွေကရိုက်တဲ့ပွဲ
စက်တင်္ဘာ သံဃာတော်အရှင်မြတ်များအား
+-/*တွေကရိုက်တဲ့ပွဲ
ကမ္ဘာကတောင် အံခဲ တောက်ခေါက်ခဲ့ကြ
မေ့လို့ မှမရတာ
ဂဲ(ခဲ)မှန်ခဲ့တာအခါခါ။

ကိုးဆယ်ရွေးကောက်ပွဲ ဒင်းတို့ က ဖွဲစကွဲ
ရွှေဂုံတိုင်ကြေငြာစတမ်းလဲ ဖွဲနဲ့ စကွဲ
နှစ်ထောင့်ရှစ်ပုံဖေါ်မှုကိုတော့သဲသဲမဲမဲ
ကဲကဲလာလိုက်တာ
မဟာဗျူဟာအဆင့်ငါးကိုရောက်လို့ 
နောက်ပို့ နှစ်ဆင့်နဲ့ ဆို
ငါတို့ တွေ ကျွန်သက်ပိုရှည်ပြန်ပေါ့။

အော်...ခက်တာတွေထက်ပိုပိုခက်နေတာက
တော်ပါတန်ပါ
ပြောမရတဲ့အထဲ
လောက်တွေက
အသားထဲကထွက်ထွက်နေကြ
အခက်ရယ်ပွေ
ပွေလီရယ်ရှုပ်
တရုပ်ကလဲ
မြန်မာပြည်သဘာဝအရင်းအမြစ်
အလွန်ချစ်ဆိုပဲ။

ကဲဘယ်လိုလဲ
ဘယ်လိုမှမလဲဘူး
ကျောမွဲတွေကမွဲပြီးရင်းမွဲ
ကျွန်းသစ်တွေနဲ့ သံယံဇာတတွေက
သူတို့ အိတ်ကပ်ထဲ။

တ-စ-ည ဆိုတာ
မရမကနဲ့ ယှင်ပြိုင်
သူတို့ နိုင်ဖူးခဲ့တဆယ့်နှစ်နေရာစာ
ဟိုတုံးအခါကပါ
ဒီတခါတော့
သေချာသပေါ့ ဟန်မျီုး
အောင်လံကိုချိုး
ခါးထိုးပြီးကျန်မယ်ပေါ့။

ဗျိုး.....သတိတော့ထား
ခင်ဗျားတို့ ကိုက အားကိုးရလို့ လား
ကြံ့ဖွံ့ ကိုအားထားလိုက်ကြပြီ
အနားမညီတဲ့ ဒေသတချို့ 
အခွံချွတ်တွေဝင်ကကြ
လှလှပပ
ရွဲ့ စောင်းကြမယ့်
တခြမ်းမက ကပ်တဲ့ဒီပွဲ။

ပေါလောပေါ်နေတဲ့
မသေ တသေဆင်သေကောင်ကြီးလို
ပြည်မြန်မာရဲ့ 
နှစ်ထောင့်တဆယ်
ရွေးပြီးကောက်တဲ့ ဒီရွေးကောက်ပွဲ
အဲ ဒီအထဲ
သဲသဲမဲမဲနဲ့ ပဲ
ကျီးမည်းတွေက
နောင်တ တရနဲ့ 
အားးးး အားနဲ့ အော်ရမဲ့ကိန်း
အစိမ်းကြီးတွေရဲ့ လက်ထဲ
ကဲ...ဘယ်လိုလဲ။ ။

No comments:

Post a Comment