Monday, September 6, 2010

ရတနာမြေ

မဟာပထ၀ီမြေကြီးက တလွှာ
လွတ်လပ်မှုအတွက်
အသားတွေက တလွှာ
အရိုးတွေက တလွှာ
သမိုင်းအရပ်ရပ်နဲ့ 
အဖိုးအနဂ္ဂထိုက်တဲ့ တို့ မြေ။

သဘာဝလေထုက အဆင့်တဆင့်
လွတ်လပ်မှုအတွက်
ဝိညာဉ်ဖြူတွေက အဆင့်တဆင့်
သွေးရနံ့ တွေက အဆင့်တဆင့်
အသက်ချွေယမ်းငွေ့ တွေက အဆင့်တဆင့်
မကြေနပ်ပေမဲ့ဆုတောင်းသံတွေနဲ့ 
အဖိုးအနဂ္ဂထိုက်တဲ့ တို့ မြေ။

ဇလာရေပြင်ကြီးက တထပ်
လွတ်လပ်မှုအတွက်
သန့် ရှင်းသွေးဖြူတွေက တထပ်
မြစ်ချောင်းမှသည်
သမုဒယာ တနှံ့ အလျှား
အဖိုးအနဂ္ဂထိုက်တဲ့  တို့ မြေ။

ကျုပ်တို့ ပြန်မြန်မာ
ရတနာမြေပါ။

3 comments:

  1. ကိုသုံည
    ရတနာမြေ လာဖတ်တယ်
    ကိုသုံည တစ်ယောက် နိုင်ငံခြား ရောက်တာကြာပြီထင်တယ်
    ရတနာ မဟုတ်ဘူးလား
    ရာတနာ ရေးထားလို့ တမင်ရေးတာတလား

    ReplyDelete
  2. ဟုတ်တယ် ရတနာမြေ .. ခုတော့ ဖုန်းဆိုးမြေလိုပဲ ...

    ReplyDelete
  3. ကိုသုံညရေ
    ရတနာမြေ မဟုတ်တော့ဘူး
    လူသတ်လက်နက်တွေနဲ့ သွေးစွန်းမြေ ဖြစ်နေပြီ။

    ReplyDelete