Sunday, August 29, 2010

မဟာဒုက္ခိရဲ့ သုခ

လွတ်လပ်စ
ငါ့ဘ၀စိမ်းလန်းစိုပြေဖို့ 
ကမ္ဘာစစ်ဖြစ်ခဲ့
အပြိုအပျက်ပြာပုံထဲမှာ
ငါ..အားယူခဲ့ပေါ့။

ဟော....
လွတ်လပ်စ သုံးလကြာ
ဘာကြာလို့ လဲ
စစ်ပွဲ သေနတ်သံ ပဲ့တင်ထပ်
ငါ့ ကိုယ်မှာသွေးမရပ်
မျက်ရည်ရှိုက်သံများ
ငါ့ အားလွှမ်းခြုံခဲ့။

အော်...ပြည်တွင်းစစ်
စစ်ရပ်စဲရေး ငြိမ်းချမ်းရေး
ငါ့ နှလုံးသွေးဖြစ်ခဲ့
ငါ့ရဲ့ သွေးသားရင်းချာ သန်းများစွာ
တောင်းဆိုခဲ့ပါရဲ့ ။

စစ်နဲ့ ကစား
စစ်နဲ့ ကြီးပွါး
စစ်ဘုရင်များပေါ်ထွက်သိမ်းပိုက်
ငါ့ ဘ၀ပိုလို့ 
ပို့ လို့ သာ ညမိုက်ခဲ့
ပြာပုံများ သွေးမြစ်များ
အမုန်းများ မီးတောက်
စစ်အာဏာရှင်လက်အောက်
၆၂ ကထဲက စရောက်ခဲ့ပေါ့။

ခုတော့
ငါဟာ
ငါ့စွမ်းအားတွေ
ခုတ်ချိုးခံရ
အဖျက်ဆီးခံရ
ကြည့်စမ်းကွယ် ငါ့မှာ
စစ်ဒါဏ်ရာ အထပ်ထပ်
မွန်းကြပ်မွဲပြာ
မဟာဒုက္ခိတ ပေါ့။

သို့ ပေမဲ့
သန်းကောင်ယံ ကွယ်ကာပျောက်
မိုးသောက်ရမှာပေါ့....
လူ့ သမိုင်း အရိုင်းဘုံ
ဓါတ်ပုံကားချပ်မဟုတ်ဘူး
အဟောင်းကိုဖြိုချ ဖြိုချ
အဟောင်းတွေ ပြိုကျ ပြိုကျ
အသစ်ကနေရာယူ
ဘယ်သူငြင်းနိုင်မလဲ
ဘ၀အသိန်းအသန်း
စိမ်းလန်း ငြိမ်းချမ်းရမယ်
အနာဂါတ်ကိုငါတို့ ပိုင်ရမယ်
တိုက်ပွဲတွေနဲ့ 
အနာဂါတ်ကိုသိမ်းပိုက်ရမယ်..
ငါ..
အဲဒီမှာရှိတယ်
ပြုံးလို့ ရယ်။ ။

4 comments:

  1. စစ်ပွဲတွေ မရှိစေချင်ပါ

    ReplyDelete
  2. စစ်ဆိုရင် ရေစစ်တောင် မသုံးချင်ပါ

    ReplyDelete
  3. အဟောင်းကိုဖြိုချ ဖြိုချ
    အဟောင်းတွေ ပြိုကျ ပြိုကျ
    အသစ်ကနေရာယူ
    ဘယ်သူငြင်းနိုင်မလဲ

    မှန်ပါပေတယ် ရှင်
    အဟောင်းနေရာမှာ အသစ်လာတယ်ဆိုတာ
    မေခင် က အသစ်စက်စက်ပဲ နှစ်သက်တယ်
    အဝတ်သစ် အစားသစ် ကို ပြောတာ

    ReplyDelete
  4. ဟို ကန်တော်ရိပ်သာက မောင်သုည နဲ. ဒီမောင်သုညက ကွာလိုက်တာ -
    ဆီနဲ. ရေပါပဲ -
    ကန်တော်ရိပ်သာက သူများ စာတွေ ခိုးချ ကူးချပြီး ဘလောက်တင် -
    သူများမယား(သူ.ရဲ့ တစ်ချိန်က တိတ်တိတ်ပုံးမယား)ကို တမ်းတမ်းတတနဲ.
    ဒု -သ-န-သော မကြောက်တဲ့ -
    အနီးက တရားဝင် ဇနီးမယားကိုမှ အားမနာ - သစ္စာမရှိတဲ့
    အလကား သုည -

    ReplyDelete