Thursday, October 7, 2010

ဤခရီးနီးသလား

ရပ်တန့် ခြင်းမဲ့ လောင်စာဆီ
အဲဒီဆီထည့်မောင်းတဲ့ ရထားတစီး။

လမ်းဟောင်းကိုချန်ခဲ့
လမ်းသစ်ဆီချီတက်
တချက်တချက်နှေးလိုက်
တချက်တချက်မြန်လိုက်
တစိုက်မတ်မတ်မောင်းနှင်ဆဲ ရထား
အဲဒီရထားပေါ်မှာပေါ့
ဆင်ဖမ်းမယ်
ကျားဖမ်းမယ်ဆိုသူတချို့ 
မိုးပျံပူဗေါင်းရောင်းပြီး
သူရဲကောင်းကြီးဆိုသူတချို့ 
သွေးနောက်ပြန်စီး
မျက်လုံးနီကြီးနဲ့ သူတချို့ 
ဝါးပြီးသား”ပိကေ”တွေကို
ပြန်ပြန်ဝါးနေကြသူတချို့ 
လမ်းအိုကိုငြီးငွေ့ တယ်ဆိုပြီး
သူတိုကိုယ်တိုင်အိုနေကြသူတချို့ 
ဆင်းသွားကြသူတချို့ 
တက်လာကြသူတချို့ 
ခရီးဆုံးမရောက်မချင်း
ကိုယ့်အိမ်ယာလို
ရထားကြီးကို ခင်တွယ်မြတ်နိုးကြသူတချို့ 
သည်သို့  ထိုသို့ 
ဟိုသို့  ဒီသို့ 
သူတို့ 
သူတို့ တွေနဲ့ 
ဤရထားကြီး
ခရီးမနီးပေမဲ့
ဂျုံးဂျုံး ဂျက်ဂျက်
ခရီးဆက်လျှက်.။ ။

2 comments:

  1. ကဗျာက တွေးစရာတွေချည်းမို့ တွေးသွားတယ်

    ReplyDelete
  2. ဆင်ဖမ်းမယ်
    ကျားဖမ်းမယ်ဆိုသူတချို့ 
    မိုးပျံပူဗေါင်းရောင်းပြီး
    သူရဲကောင်းကြီးဆိုသူတချို့ 
    သွေးနောက်ပြန်စီး
    မျက်လုံးနီကြီးနဲ့ သူတချို့ 

    တချို့ တချို့ တချို့

    ReplyDelete