Monday, October 11, 2010

ဝါးမျိုခံရသော အမှန်တရား

ရာဇ တောဝါမီး
လောင်ပြီးတဲ့နောက်
ဒီဖက် တလျှောက်လုံးမှာပေါ့။

ဘ၀တွေ
စုတ်ပြဲဖျော့တော့
ကျောကော့ အခံရချက်က
ကော့စရာ ကျောတောင်မကျန်တော့။

မသေရေးအတွက်
ဖြေဆေးအကွက်ရှာ
အမှန်”တွေကို လုံခြုံရာသိမ်းဆည်း
မမှန်”တွေကိုကုန်စည်လိုဖလှယ်ကြ
လက်လီ-လက္ကား
ရောင်းဝယ်ဖေါက်ကားကြ။

ဘ၀စုံကျင်လည်မှုကြား
လောကပါလ တရားပျောက်ဆုံးပုံက
မမှန်”တွေကကြီးပွါး
အမှန်”တွေကနွမ်းပါး
အာဏာ ကစားတဲ့ကြား
လုံးပါး ပြားခဲ့ရ။

အမှန်”ရောင်းသူတွေ
တချို့ ရုပ်မပါတဲ့ ဘဝ
တချို့ နာမ်မပါတဲ့ ဘဝ
တချို ကလေးပြန်ဖြစ်ကြ
တချို့ လေးနံရံနဲ့ အစောင့်အရှောက်ခံလိုက်ရ
တချို့ ပင်လယ်ကိုကျော်ပျံသန်းကြ
ပြည်တွင်းစစ်နဲ့ မလှပတဲ့ နိုင်ငံ
ဒါ...မြန်မာနိုင်ငံပေါ့

မှန်တယ်လို့ လက်ခံတယ်ဆိုရင် လက်ခုတ်တီးပါ။
လှပတဲ့ လူသားဘ၀ တွေပိုင်ဆိုင်နိုင်ကြပါစေ။

2 comments:

  1. ကောင်းလိုက်တဲ့ကဗျာနော်

    ReplyDelete
  2. အေးဗျာ
    ပြောမဆုံးပေါင်တောသုံးတောင်ပါပဲ

    ReplyDelete