Thursday, October 28, 2010

မီးငြိမ်းတောင်မဟုတ်တဲ့ မီးတောင်

လှော်ခတ်သူနဲ့  လှေ
ညီမျှကာနေမှ
ရည်ရွယ်ရာဆိပ်ကမ်း
တန်းတန်းမတ်မတ်။

ခုတော့
ဟိုဖက်က အစိမ်းရောင်ကျောက်တုံး
ဒီဖက်က အစိမ်းပြောက်ကျောက်တုံး
တ၀ုန်းဝုန်းတဒုံးဒုံးနဲ့ 
ဝရုန်းသုံးကား ဖြစ်နေပုံများ
မီးစာပမာမြေဇာပင်ငါတို့ ဘဝ
လောင်ကျွမ်းရတာပြီးကိုမပြီးဘူး။

လူသာအခွင့်အရေးလမင်းခမျာ
သံလွင်ကိုက်ချီ ဂျိုးငှက် နဲ့ အတူ
မြန်ပြည်သူတွေအပေါ်
ဖေါ်ဖေါ်ရွေရွေ
လင်းလက်ချင်လဲ
ပါဝါအာဏာကို
မြင်းရိုင်းတကောင်လိုခွစီး
ရမ္မက်ကြီးကြီးနဲ့ မောင်းနှင်
ကိုယ့်ကိုယ်ကို ဘုရင်ထင်သူတွေ
ယမ်းငွေ့ ဝေမိုးတိမ်
မိုးတိမ်လို ဥပဒေ တွေနဲ့ 
ပိတ်ပင်ကာဆီး
ပြည်ဖုံးကားကြီး ချဖို့ ကြိုးစားနေကြ။

နိုင်ငံတော်ဥပဒေဆိုတာ
သေနတ်ပြောင်းဝက
သူတို့ ကိုထိပါး
ဆင်ချင်တုံ ဆင်းရဲနွမ်းစွာ
ဇွတ်အတင်း ဂမူးရှူးထိုးရုန်းထွက်လာကြ
ပြည်သူတွေက ဘာမှမသိသေးခင်
အသစ်ထွင် ပြဌာန်းပြီးပြန်ပြီ။

ပြည်သူတို့ ရဲ့ ကြား
တငွေ့ ငွေ့ ခြင်းလောင်ကျွမ်း
ယမ်းငွေ့ ပမာ ဖွဲမီးပြာအောက်က
အချိန်မကိုက်ထားတဲ့
အချိန်ကိုက်ဗုံး
ဗြုန်းဆိုထပေါက်အုံးမှာပါ။

2 comments:

  1. စကားအသုံးအနှုန်းတွေအရမ်းကောင်းပ

    ReplyDelete
  2. လူသာအခွင့်အရေးလမင်းခမျာ
    သံလွင်ကိုက်ချီ ဂျိုးငှက် နဲ့ အတူ
    မြန်ပြည်သူတွေအပေါ်
    ဖေါ်ဖေါ်ရွေရွေ
    လင်းလက်ချင်လဲ
    ပါဝါအာဏာကို
    မြင်းရိုင်းတကောင်လိုခွစီး
    ရမ္မက်ကြီးကြီးနဲ့ မောင်းနှင်
    ကိုယ့်ကိုယ်ကို ဘုရင်ထင်သူတွေ
    ယမ်းငွေ့ ဝေမိုးတိမ်
    မိုးတိမ်လို ဥပဒေ တွေနဲ့ 
    ပိတ်ပင်ကာဆီး
    ပြည်ဖုံးကားကြီး ချဖို့ ကြိုးစားနေကြ။


    သိပ်မှန်ပါတယ် ကိုသုံည

    ReplyDelete