Friday, March 26, 2010

မင်း..မင်းမေ့မှာစိုး

နေ၀န်းနီနီနဲ့ 
ယိမ်းနွဲ့ ကခုန်
ပျော်ပါးဖူးတဲ့
မြေကြမ်းရေကြမ်း
ဥတုကြမ်းများကြား
ကြီးထွားမွှေးပျံ့ ဖူးခဲ့
ပန်းပွင့်ဖြူလေးရေ.. ။

ယိမ်းနွဲ့ ကခုန်ရင်း
မင်းရဲ့ ရနံ့ သင်းသင်းက
ကမ္ဘာမြေအနံ့ 
သင်းပျံ့ လွှင့်ကြိုင်လို့ 
နေ၀န်းနီနီနဲ့ အတူ
ရှင်သန်နေဆဲပါ
ပန်းပွင့်ဖြူလေးရေ ။

ရာသီတွေရွေ့ ပြောင်း
သက္ကရာဇ်အဟောင်းကို
မင်းငြီးငြွေ့ နေပြီလား
မင်းမေ့လျှော့နေပြီလား
ထိပ်ဆုံးမဟုတ်တဲ့
အောက်ဆုံးအပေါ်က
ဘ၀တွေမှာပျော်ပါး
မင်းတာဝန် ပြီးဆုံးသွားပြီလို့ များ
ထင်နေရော့သလား
ပန်းပွင့်ဖြူလေးရယ် ။

အာရုံကိုဖမ်းစားတတ်တဲ့
အစိမ်းရောင်လေ
တိုက်ခိုက်ရိုက်ခြွေလို့ 
တချို့ တွေ
ကြွေကျ ဝေးလွှင့်သွားတာ
ပရိယာယ်ရစ်ပါတ်
မာယာအထပ်ထပ်နဲ့ 
ကံကြမ္မာအထောက်အပံ့ကို
အခွင့်ရေးပိုတယ်လို့ များ
ဘယ်ဘက်ရင်အုံကြား
အစဉ်သိမ်းထားဖို့ 
ကျိုးစားနေရော့သလား
ပန်းပွင့်ဖြူလေးရယ် ။

တွေ့ လား
ဟိုး....မှာ
နေ၀န်းနီနီရဲ့ 
အရောင်အရှိန်တွေ
လင်းလက်နေဆဲ
ဖြန့် ကျင့်နေဆဲ
သူတို့ တာဝန်သူတို့ ကျေနေဆဲ
မင်းဘယ်လိုလဲကွယ်
ပန်းပွင့်ဖြူလေးရယ်...။

သူရိယ တွင်ဖေါ်ပြပြီး

5 comments:

  1. ပန်းပွင့်ဖြူလေး
    မမေ့ပါဘူးဗျာ
    သူလည်း ဆက်လက်ပွင့်လန်းနိုင်ဘို့ 
    အရှိန်ယူကြိုးစားနေဆဲပါ

    ReplyDelete
  2. ကိုသုံည ကြီး အရမ်းနူးညံ့နေပါလား။
    ငယ်ချစ်ယောင်းကိုလွမ်းနေပြီပေါ့လေ။
    ဟဲဟဲ စ တာနော်

    ReplyDelete
  3. ပန်းပွင့်ဖြူလေး လို့ တင်စားထားတာ လှလိုက်တာနော်။

    ReplyDelete
  4. ကဗျာတွေနူးညံ့လာပါလား
    ပျော်ရွှင်ပါစေ

    ReplyDelete
  5. Thank you and have a nice meaningful happy new year to you all.

    ReplyDelete