ကမ္ဘာတလွှား
ဆူညံသွားအောင်
များမြှောင်တဲ့ မာယာများနဲ့ 
လှဲ့ စားဘို့ ကြိုးစားရင်း
ရွေး...ကောက်.. ပွဲ
အခင်းအကျင်းတွေနဲ့ 
အာဏာရှင်အစိုးရ
အသက်ရှည်ဆေးတခွက်
ဖေါ်စပ်လျှက်။
ပဲခူးမရောက်တဲ့
လှေမျိုးနဲ့ 
သူတို့ ထိုးခဲ့
စီးပွါးလည်းပျက်
လူမျိုးလည်းပျက်
တိုင်းပြည်လည်းပျက်
မွဲချက်က
ကုန်းကောက်စရာတောင်မကျန်ဘူး။
ဒီကြားထဲ
အရင်းအနီးမများတဲ့ရင်းနီးမှုတွေနဲ့ 
ပွဲလန့် တုန်းဖျာခင်း
ဒါကို လူအချင်းချင်း
ညာတာခြင်း စာနာခြင်းတဲ့
ပြောင်မြောက်တဲ့ပျက်လုံးတခု။
၈၈ အဖြစ်အပျက်
အဲဒီခေတ်က
ဘယ်ပါတီ
ဘယ်အဖွဲ့ အစည်းမရှိ
တဦးချင်းအသိတွေနဲ့ 
လက်တွဲညီညီ
အောင်ပွဲတွေအလီလီ
အာဏာရှင်တွေကို
အစီအရီဖြုတ်ချခဲ့
ပြုတ်ကျခဲ့။
လူတစု
ရေမုတ်တဖက်
မီးစတဖက်
ရွှေဂုံတိုင်တဖက်
ရွေးကောက်ပွဲဝင်ရေးတဖက်
အော်..ဟိုမှာဘက်မှာလက်တဖက်
ဒီမှာဘက်ကလက်တဖက်
လူထုအကြိုးမပြု ကာလီမာလက်သစ်တွေ
အာဏာရှင်အသက်ရှည်ဘို့ 
အသက်ဆက်ဆေး
ဖေါ်စပ်ပေးနေရော့သလား။
သစ္စာ တွင်ဖေါ်ပြပြီး
လူထုတိုက်ပွဲအတွက် ဘယ်လို ပါဝင်နိုင်အလဲ စဉ်းစားကြတာပေါ့။
ReplyDeleteအင်အယ်လ်ဒီ ကို ဆက်လက် ဝန်းရံရမယ်။
အင်အယ်လ်ဒီထဲက စုန်းပြူးအမတ်တွေ အချောင်သမားတွေ သန့်စင်
သွားနိုင်ပြီ အဖြူအမဲ ကွဲသွားပြီ။ အဲဒီ လူတွေကို
ပြည်သူတွေက ဒဏ်ခတ်ရမယ်။
ကိုသုံညရေ
မအားလို့မရောက်တာကြာပြီ။
ReplyDeleteကိုသုံည ကဗျာတွေက သမိုင်းတပုဒ် ဖတ်ရသလိုပဲနော်။
ပျော်ရွှင်ပါစေ
သေချာမစဉ်းစားကြတာလား
ReplyDeleteအမတ်ရူး ရူးနေတာလားတော့မသိဘူး
တခုခုတော့သေချာပါတယ် ကို သုံ့ည