ရွှေရောင်မည်းနက်
ဧကရာဇ်မြို့ တော်မှာ
ရပ်ကွက်အတွက်
လ.မသာတာ
ကြာလှရော့ပေါ့
၂၁-ရာစုသာရောက်လာ
တိမ်မှောင်တွေက
မြူမလင်းထူး။
ငွေရောင်အနားကွက်နဲ့ 
လင်းလက်နေတဲ့အမည်းဆုံးအမှောင်
အဲဒီဘောင်ထဲ
ယောင်တောင်တောင်နဲ့ 
ဘယ်အသီးကိုများ မျော်ခူးဖို့ 
မျက်ကန်းမြွေတကောင်လို
အသံကြားဇွတ်တွားဝင်
မဆင်မချင်တွားသွားတတ်သူတွေ။
မျဉ်းဖြောင့်မရှိတဲ့
ရွှေမုံကျဲပန်းချီကားထဲ
တံလျှင်ကိုရေထင်
ဇွတ်တိုးဝင်အိပ်စက်
အိမ်မက်ထဲဘုရင်မြောက်
ငါ....ဟဲ့ဧကရာဇ်
အော်ဟစ်လန့် နိုး
သံကြိုးတိုးလိုးတန်းလန်း
ငရဲခန်းနဲ့ 
ညားကြရမည့်သူတွေ။
ဇတ်ဝင်ခန်း လှသယောင်ယောင်နဲ့ 
ဇတ်သိမ်းခန်း မဲမှောင်မှာမသိရော့လေသလား။
သူငယ်ချင်း
သွေးပူတုံးမှာ
ကုန်းကုန်းပြီးအော်
ဖေးကူတုံးမှာ
ပြုံးပြုံးပြီးမော်
အဲဒီ ၀ရုန်းသွုံးကား
ပျော်သူကြားက
ညာမညှိပဲ
တန်း........ဖြုတ် ထွက်ခဲ့ပါတော့။
မာယာများတဲ့ဂဠုန်ဆားချက်
အာဏာ ဂယက်လှိုင်းလုံးကြားထဲ
စနက္ကအသဲနဲ့ 
ဟိုဖက် ဒီမို ကမ်းသောင်ဆီ
ဤ-မဟုတ်တဲ့
အများညီတဲ့ကျွဲကို
စုပေါင်းအော်ဖတ်ဖို့ အတွက်
ဘ၀တွေ ဆက်ချင်ဆက်ပါစေ
အမျှမဝေချင်မဝေပါနဲ့ 
ဆက်လက်ကူးခတ်နေဆဲ။
သူ့ တွင်းအတွက်
သူတူးထားတဲ့ကျုံး
ဘယ်လိုနှလုံးနဲ့ မှ
ယောင်ပြီးတောင်
ကျုပ်တို့ မ၀င်ဘူး။
သူရိယ တွင်ဖေါ်ပြပြီး
အယ် ဘာလို့ ဝင်ရမှာလဲ ??
ReplyDeleteသူတူးတာ သူဝင်ပစေပေါ့