ဇတ်လမ်းကဇတ်ကြမ်း
လွမ်းခန်းချည်း ကသူက.က
လူကြမ်းက ကြမ်းပြီးရင်းကြမ်း
ဇတ်ဝင်တခန်းက
အကျဉ်းစခန်းထဲ
မြန်းပြီးရင်းမြန်း
ဒီဇတ်လမ်းဘယ်သူရေးသလဲ။
လာမမေးနဲ့ 
ငါ ဒါရိုက်တာ
ငါပဲလူကြမ်း
ဇတ်ပေါင်းခန်းမရှိ
ပျော်ရွှင်ခန်းမရှိ
ကြည်နူးခန်းမရှိ
အိုက်ခမန်း
လူသတ်ခန်းပဲရှိ။
ပွဲကြည့်ပရိတ်သတ်
မင်းတတ်ရင် မင်းဇတ်မင်းက
တို့ ကသေနတ်ပစ်ခန်းနဲ့ 
ဟစ်တလာငရဲခန်းလို
ဇတ်ကြမ်းပဲ ကတတ်တယ်။
ပွဲကြည့်သူတို့ 
ငိုသူကငို
တက်ခေါက်သူခေါက်
ဖနောင့်ဆောင့်သူဆောင့်
ဇတ်ကွက်ပြောင်းဘို့ ပြောသူကပြော
ဒါပေမဲ့
ဒါရိုက်တာက
သူ့ သဘောနဲ့ သူ ကလို့ ကောင်းတုံး။
ကမ္ဘာမြေပြင်ပေါ်က
အမှောင်ဖုံးနေတဲ့နေရာ
အဲဒီမှာ
ဇတ်ခွင်တခွင်ပေါ့။
သူရိယ သစ္စာ တွင်ဖေါ်ပြပြီး
No comments:
Post a Comment