Sunday, March 21, 2010

ပဲ့တင်ရိုက်ခတ်သံများမှတဆင့်

အပြာရောင်ရယ်သံချိုချိုတွေ
ပဲ့တင်ထပ်နိုင်ဖို့ 
အနီရောင်မျက်ရေတွေ
ကြွေကျလိုက်ရတာ
ပင်လယ်နီကြီးဖြစ်လောက်ရဲ့ ။

ဘီလူးသီချင်းနဲ့ 
စောင်းညှင်းအတတ်
မအပ်စပ်လို့ 
လက်ဖြတ်လိုက်ရတဲ့
စောင်းသမားတွေလဲများပေါ့။

အချိန်မတန်ပဲ
ပဲ့ကြွေသွားရတဲ့
အပွန်းအပဲ့တွေက
ထောင်ပုံရာပုံ
အရွယ်စုံလို့ ။

ရယ်သံတွေကချိုမြမလာ
ငိုသံတွေကခါးခါးသီးလာ
တိမ်မဲတိမ်တောင်တွေကဖုံးလွှမ်းနေတုံး
ဗြောက်အိုးဖေါက်တဲ့
လျှာခေါက်သံတွေ
စင်္ကြာဝဌာထဲပျံ့ လွှင့်နေတုံး
တောင်ပံအချိုးခံရတဲ့ချိုးဖြူငှက်
ငါတို့ ထံ အသင်ဘယ်သို့ ပျံသန်းလာမယ်ပ။

ယနေ့ မြန်မာ တွင်ဖေါ်ပြပြီး

3 comments:

  1. အပြာရောင်ရယ်သံချိုချိုတွေ
    ပဲ့တင်ထပ်နိုင်ဖို့ 
    အနီရောင်မျက်ရေတွေ
    ကြွေကျလိုက်ရတာ
    ပင်လယ်နီကြီးဖြစ်လောက်ရဲ့ ။

    ကဗျာ တပုဒ်လှရင် ဝတ္ထုတပုဒ်ကောင်းကိုဖတ်ရသလိုပဲဆိုတာမှန်တယ်
    ကိုသုံညရယ့့် 
    ကဗျာဖတ်ပြီးရင်ထဲမှာကြေကွဲဝမ်းနည်းနေမိသလိုပါပဲလေ။
    ကျောင်းတဖက်အလုပ်တဖက်နဲ့ဆိုတော့ဘလောက်မလည်ဖြစ်တာကြာပြီ။
    ဘော်ဘော်ကြီး ကိုသုံည ယူလီးယူခ့ 
    နေကောင်းသလားလို့ပြောတာ။

    ReplyDelete
  2. ရယ်သံတွေကချိုမြမလာ
    ငိုသံတွေကခါးခါးသီးလာ
    တိမ်မဲတိမ်တောင်တွေကဖုံးလွှမ်းနေတုံး
    ဗြောက်အိုးဖေါက်တဲ့
    လျှာခေါက်သံတွေ
    စင်္ကြာဝဌာထဲပျံ့ လွှင့်နေတုံး
    တောင်ပံအချိုးခံရတဲ့ချိုးဖြူငှက်
    ငါတို့ ထံ အသင်ဘယ်သို့ ပျံသန်းလာမယ်ပ။

    စောင့်ကြည့် လူထုတိုက်ပွဲတွေပေါ်လာလိမ့်မယ်

    ReplyDelete
  3. ခံစားချက်တွေ အတော်များခဲ့မှာပဲနော်

    ReplyDelete