တချိန်က
တိုင်းတပါးနယ်ချဲ့ 
ကျွန်ပြုခဲ့လို့ 
အဖိုးအဖေ တို့ ဟစ်ကြွေး
ဗမာ့သွေး
ဗမာ့ဓါး
ညီညွှတ်အားနဲ့ 
သခင်မျိုးဟေ့ ဒို့ ဗမာ
ကျွန်ပြုသူမှန်သမျှ
တော်လှန်ပြစ်ကြ။
သားစဉ်မြေးဆက်
ကျွန်မဖြစ်ရေး
ဗမာ့သွေးတွေ
ရဲရဲပြခဲ့
ရဲရဲတောက်သမိုင်းရေးခဲ့
ရာဇ၀င်တွင်ခဲ့
ကမ္ဘာကထောပနာပြုခဲ့
ဂုဏ်အနဂ္ဂအမွေပေးခဲ့
ကျေးဇူးပါပဲ အဖိုးအဖေတို့ ။
ခုအခါ
ကျုပ်တို့ ဗမာတွေ
နိုင်ငံတကာမှာကျွန်ပြုခံရ
ဘ၀တွေကမဟန်ကြ
လူစင်စစ်က
နိုင်ငံခြားပို့ ကုန်တွေဖြစ်ရ
ကျွန်ဖြစ်ရ
----ဖြစ်ရ
----ဖြစ်ရ
ဖြစ်မှဖြစ်ရပလေ
တို့ ဗမာတွေ။
ကြည့်လေ
တရားမ၀င်တဲ့
အစိုးရဆိုတာတွေက
တရားဝင်ပြည့်သူ့ ဆန္ဒအရ
ရွေးကောက်ပွဲအနိုင်ရသူတို့ ကို
ဗြောင်ကျအနိုင်ကျင့်
လက်နက်ပြခြိမ်းခြောက်
သူတို့ အသက်မပျောက်ဘို့ 
ညစ်ပုံများ
နိုင်တော်ကိုမတရား
လုယူထားသူများက
ငါ့နိုင်ငံတော်ဆိုပြီး
တခြမ်းကပ် ဥပဒေတွေဇွတ်ထုတ်
ဒါအဟုတ်ပဲလို့  ဘယ်လို------မလဲ။
ဒီမိုကရေစီ
ရေကြည်တပေါက်
စမ်းသောက်ဖို့ တောင်
လမ်းမဖြောင့်တဲ့
စစ်အာဏာရှင်စနက်
လူ့ အခွင့်ရေးဆိုတဲ့ပန်း
နုတ်ခမ်းမှာပွင့်ရင်တောင်
အကျဉ်းထောင်နဲ့ ညားရ
ဆိုးလှတဲ့
စစ်အာဏာရှင်အောက်က ဘ၀တွေ။
ဟစ်တိုင် နှင့် သစ္စာမဂ္ဂဇင်း တွင်ဖေါ်ပြပြီး
အင်းးးးးးးးးးးး
ReplyDeleteနိုင်ငံခြားကျွန် တဲ့လားးးးးးးးးးးးးးးးးးး
ကျမတို့ပြည်သူတွေကတော့ အမြဲနင်းပြားဘဝပါပဲ
ReplyDeleteသခင်မျိုးဟေ့ ဒို့ဗမာတွေကလည်း မညီညွှတ်တော့
ReplyDeleteအုပ်စိုးသူက လက်ခမောင်းပိုခတ်တာပေါ့
တယောက်ကို တယောက် ချဖို့ပဲလုပ်နေကြတယ်လေ
သွေးလာဖတ်သွားပါတယ် ဘော်ဒါရေ
ReplyDelete