အမေ
အမေစိုက်ပျိုးခဲ့တဲ့
ဗုဒ္ဓသာသဏံပန်း
ကျုပ်ရင်နန်းမှာ
လန်းဆန်းဆဲပါအမေ။
အနန္တစင်္ကြ၀ဌာ............
သတ္တ၀ါတို့ ...........
ကျမ္မာကိုယ်စိတ်မြဲကြပါစေ.....
ဆုတောင်းမျှစေ
သံဃာနှင့်ပြည်သူတွေ။
ဒီသံဃာ
ဒီပြည်သူကိုမှ
ဒေါသ မောဟ
အာဃာတတွေနဲ့ ရမ်းကား
အာဏာရှင်များရဲ့ လက်ပါးစေ
ပြည်သူတွေကိုချေမှုန်းခဲ့။
ပြည်သူဘက်တော်သား
သံဃာများကို
ရန်သူအဖြစ်သတ်မှတ်
ရိုက်သတ်ပစ်ခေတ်
အထပ်ထပ်ညှင်းပမ်း
ထောင်နန်းအပ်ခဲ့
ရက်စက်လွန်းတဲ့ဖက်ဆစ်တွေ။
ကမ္ဘာ့ရှေ့ နောက်
တောင်မြောက်ဝဲယာ
ဘယ်မှာမှမရှိခဲ့
မကြုံခဲ့သမျှ
အံဩတုန်လှုပ်ခြောက်ခြားကြ
နုတ်ကတဖွဖွ
Oh My God
ရွတ်ဆိုရ။
ှ
လာဖတ်သွားပါတယ်
ReplyDeleteဖတ်ပြီးခံစားရတယ်
(က) အကယ်၍ နောက်ဆုံး NLDမှာ မှတ်ပုံတင်ရေး/မတင်ရေးကိစ္စနဲ့ပါတ်သက်လို့ NLDပါတီကြီးကွဲမည့်အနေအထားသို့ ဦးတည်လာလျှင် NLD ပါတီကိုတော့နိုင်ငံရေးအရ အကွဲခံလို့ မရပါဘူး။
ReplyDelete(၁)ပါတီမှတ်ပုံတင်သင့်သည်ဟု အဆိုပြုသော ပုဂ္ဂိုလ်များကို NLD ပါတီအဖြစ်မှ နှုတ်ထွက်စေပြီး သီးခြားပါတီထောင်ခွင့်ပြုစေပြီး မှတ်ပုံတင်လျှင်တင်ပါစေ။
(၂)NLD ပါတီကြီးအနေဖြင့်၁၉၉၀ခုနှစ်ရလဒ်၊ ရွှေဂုံတိုင်ကြေခြာချက်နှင့် မတရားသည့်ဥပဒေကို ဥပဒေအရ တိုက်ပွဲဝင်သွားဘို့ ဆက်လက်ရှိသင့်သည်။
(၃)ထိုမတရားသည့်ဥပဒေကို တရားနည်းလမ်းကျသည့် ဥပဒေဖြစ်လာပါမှ NLD မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေးမ၀င်ရေးကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
(ခ)။ အကယ်လို့  မဖြစ်သာသည့်အဆုံး NLD ပါတီအနေဖြင့် မှတ်ပုံတင်ဘို့ ဆုံးဖြတ်မည်ဆိုလျှင်-(၁)အမျိုးသားညီလာခံမှ စွန့်ခွာခဲ့တာမှားသည်ဟု လူထုကိုဝန်ခံရမည်
(၂)၁၉၉၀ခုနှစ်ရွေးကောက်ပွဲအနိုင်ရခဲ့တာကိုစွန့်လွတ်ပါသည်ဟု လူထုကိုဝန်ခံရမည်
(၃)ရွှေဂုံးတိုင်ကြေညာချက်ကိုစွန့် လွတ်ပြီး၂၀၀၈ဖွဲ့ စည်းပုံကိုစောက်ရှောက်ပါမည်ဟု လူထုကိုထုတ်ပြန်ပေးရမည်။