Tuesday, September 28, 2010

ဖါးနဲ့ ကျား

”ဖါးနဲ့ ကျား”

ထေရ၀ါဒ ထိပ်ခေါင်မြန်မာပြည်
မြေကြီးက ရွှေသီးခဲ့တဲ့မြန်မာပြည်
သံယံဇာတ ပေါကြွယ်ဝတဲ့မြန်မာပြည်
အာရှတိုက်ရဲ့ စပါးကျည်ဖြစ်ခဲ့ဖူးတဲ့မြန်မာပြည်
အဲဒီမြန်မာပြည်ပေါ့
တဆယ့်ခြောက်မျက်နာ အနံ့ 
လှည်းနေ လှေအောင်း မြင်းစောင်းမကျန်(ရှေးစကား)
ပြည်တွင်းစစ်ဒါဏ်
အလူးအလဲခံနေရဆဲ။

စစ်ရိပ် စစ်ငွေ့ တဝေေ၀
အစိုးရပိပိ မအုပ်ချုပ်နိုင်တဲ့
ရက်ရက်စက်စက်
လိပ်တကောင်လို
အုပ်ချုပ်မှုယန္တရားစနစ်အောက်
သဘာဝကပေးတဲ့
လူ့ အခွင့်ရေးတွေပျောက်
အမျိုးပျောက်မှာ စိုးကြောက်လို့ 
အပြောင်းအလွဲအတွက်
အသက် သွေး ချွေးတွေပေးဆက်ခဲ့ရ
ကမ်းကုန်မလောက်ဖြစ်ခဲ့ရတဲ့ကြား
တချို့ လူသားတွေ
လိပ်လိုလိုလူ
ဖါးလိုလိုလူ
အတ္တထူထူနဲ့ ပေါ့။

အခွင့်အရေးနဲနဲရွာတဲ့မိုး
ကျောကုံးပေါ်စိုယုံရွာတဲ့မိုး
မိုးရွာတုံးရေခံ
ဖါးသံတွေက တအုံးအုံး တပြုံးပြုံး။

ဖါး
ခွဲစိတ်ခန်းထဲ
ဓါးပါးပါးနဲ့ နှစ်ပါးသွားတဲ့
ဆေးကျောင်းထဲကဖါး
အဲဒီဖါးလိုမဟုတ်
မိုးဖွဲဖွဲသဲသဲ
လယ်ကွင်းထဲက ဖါး
အဲဒီဖါးကလူကိုအကျိုးပြု
အုပ်စိုးသူရဲ့ ဖါး
ဟိုနားဒီနားဟစ်အော်
အရှင်ပျော်ဖို့ ..သခင်မော်ဖို့ 
သတို့ အတွက်ပါ
လူထုရဲ့ တုတ်ဟာ
ဖါးရဲ့ ကျောပေါ်မှာဝဲနေပေါ့။

ကျုပ်တို့ က
ဘာဖြစ်လို့ ဖါးအဖြစ်နဲ့ သွားကြမှာလဲ
ကျားအဖြစ်နဲ့ သွားနိုင်ရက်သားနဲ့ ။ ။

2 comments:

  1. ကျုပ်တို့ က
    ဘာဖြစ်လို့ ဖါးအဖြစ်နဲ့ သွားကြမှာလဲ
    ကျားအဖြစ်နဲ့ သွားနိုင်ရက်သားနဲ့ ။ ။

    ကိုသုံညရေ
    ကျားအဖြစ်နဲ့သွားတာတော့ ကောင်းတာပေါ့
    အချို့ကျားတွေက (အချင်းချင်းကိုက် ) အဲ သမင်လေးတွေ
    ဒရယ် လေးတွေကိုလည်း ကိုက်တတ်တယ်နော်။
    ဟဲ ဟဲ ကျား ကျားနဲ့တင်စားလို့ ပါ။
    ခင်တဲ့
    နန်း

    ReplyDelete
  2. စစ်ရိပ် စစ်ငွေ့ တဝေေ၀
    အစိုးရပိပိ မအုပ်ချုပ်နိုင်တဲ့
    ရက်ရက်စက်စက်
    လိပ်တကောင်လို
    အုပ်ချုပ်မှုယန္တရားစနစ်အောက်
    သဘာဝကပေးတဲ့
    လူ့ အခွင့်ရေးတွေပျောက်


    ကောင်းတယ်ဗျာ

    ReplyDelete