Sunday, August 15, 2010

ကိုင်းညွှတ်တိုင်း ရိုသေခြင်းမဟုတ်

ခုတလော
ကမ်းနားသစ်ပင်တွေ
ကိုင်းညွှတ်နေပုံတွေက
အံသြရလောက်အောင်
အရင်အခြေနေတွေထက် ပိုလို့ ။

တစ်တလီတစ်
အလီအလွတ်ကျင့်ထားတဲ့
အပေါစားဂုဏ်သိက္ခာတွေနဲ့ 
ခေါက်ရိုးကျိုး ပုံစံခွက်ထဲက
” ”ထောင်ချောက်တွေ
တိုးလိုးတန်းလန်း
ဖြဲဖြဲကိုဖြူလို့ ။

ယုံရဲ့ လားမမေးနဲ့ 
ယုန်တကောင်တောင်မလုပ်တဲ့အလုပ်
ခေါင်း(ဂေါင်း)ကနံကိုပြေးတိုက်
နံရံကိုခေါင်းကပြေးတိုက်
ပဲ့ကျသွားတဲ့ ဦခေါင်းအ စ တွေက
အစာအိမ်အတွက်ဖြည့်ဖြည့်လိုက်ကြ
ခေါင်းခွံသက်သက်
ကျန်တော့သယောင်ယောင်။

တလမ်းသွား
ဟိုင်းဝေးအို အတွက်
ခေါင်း-ခါး-ခြေ-လက်
သွေးအဆက်ဆက်
ပေးဆက် စတေးခဲ့ရများပေါ့။

မာယာနဲ့ ကောက်ကျစ်မှု
အာဏာရမက်တွေကို
ဘာဖြစ်လို့ များ
ကမ္ဘာကြီးက လက္ခံထားပါလိမ့်။

ဆယ်ခါမက သေဖူးကြလဲ
ပျဉ်ဖိုးသာ ကုန်းကုန်းရှာနေကြဆဲ။ ။

1 comment:

  1. အင်း ... ခက်တယ်ဗျာ .. အာဏာရှင်တဲ့ ...

    ReplyDelete