Sunday, August 8, 2010

ရှစ်ဆယ့်ရှစ်အရေးတော်ပုံရဲ့  သွေးခြေရာအတိုင်း

ဒီမိုကရေစီ……..ရရှိရေး
တို့ အရေး….တို့ အရေး……တို့ အရေး……။

သမိုင်းကပေး
သမိုင်းကတောင်းဆို
အင်အားတွေပိုလို့ 
နိုင်ငံတော်ကို စနစ်တကျထားဖို့ 
တောင်းဆိုလို့ ရယ်စုရုံး
အဖြစ်အပျက်အစုံကမ္ဘာရှင်းထုံး
နိုင်ငံတကာစံနုံးတွေနဲ့ 
ငြိမ်းချမ်းစွာ တောင်းဆိုခဲ့လဲ
သွေးဆာသူအာဏာရူး
ဂမူးရှူးတိုးနဲ့ 
လမ်းပေါ်ထွက်သူ
မိုးပေါ်ထောင်မပစ်ရေးမူနဲ့ 
မဲမဲမြင်
တည့်တည့် ပစ်ရင်း
အကုန်ရှင်းးး……..ခဲ့
နိုင်ငံတွင်းမှာ
လူသတ်ပွဲကြီး
ဒါ ရှစ်ဆယ့်ရှစ်ဆိုတဲ့
နှစ်ကြီးတုံးက။

အချိန်ကြာလှလည်း
မေ့ကောင်းတဲ့
အဖြစ်ဟောင်းမှမဟုတ်တာ။

နှစ်-နှစ်ဆယ်ကျော်ပါတ်လုံး
သမိုင်းအရိုင်းတွေနဲ့ 
ဒုံးစိုင်းလာခဲ့
တိုင်းပြည်မှာက ကောင်းကွက်
နန်းတော်ဖြစ်တဲ့
မြို့ တမြို့ ကလွဲလို့ 
လက်ညိုးထိုးလို့ မလွဲ
ဆင်းရဲ-မွဲတေ
ပြည်သူတွေလေ။
အားလျှော့တမ်းကစားတာ
လုံ့ လ-၀ိရိယ
ဇွဲစခန်းမှာမှမဟုတ်တာ။

ကြမ်ထမ်းလောကဓံဆိုတာလဲ
ရှစ်ပါးထက်မှမပိုပဲ
ဘယ်လိုနေနေမထူးတဲ့ ဘဝ
ငတ်မွဲရတာကလွဲလို့ ။

မြူးမြူးကြွကြွ
မက်လုံးလှလှ
လိမ်းချယ်ထားတဲ့ ဘဝ
အစစ်မှမဟုတ်တာ။

အမေကမွေး
ထောင်က ကျွေးသဟေ့
တော်လှန်ခေတ်ရဲ့ ဟစ်ကြွေးသံ
ပဲ့တင်ရိုက်သံ လှိုင်းခတ်ဆဲပဲဟေ့..
ထောင်အပြင်တန်းမရှိ
အသက်နဲ့ သွေး ပေးအပ်မှုအပြင်
ဘာမှမရှိ…….မရှိ
စနစ်ဟောင်း တော်လှန်ရေး
တွေ-ငေးမနေသင့်တဲ့အချိန်
သော့ကိုသော့ခတ်
လှောင်အိမ်စံ ငှက်ဘဝ
ထွက်ပေါက်ကိုရွေးမလား
ဖေါက်ထွက်စို့ စုရုံးအားနဲ့ 
လက်တွဲညီညီဆုပ်ကိုင်ထား။ ။

မောင်သုည
၇-၀၁-၁၀

No comments:

Post a Comment