Saturday, July 24, 2010

ဒိုင်ဖဲ

အပ်တိုမှမပါ
အရွယ် အလွှာ ဘာသာစုံစွ
ညီညာဖျဖျ
အများပိုင်လမ်းပေါ် ဆန္ဒပြခဲ့ကြ
ငြိမ်းငြိမ်းချမ်းချမ်း
ကမ္ဘာတ၀ှမ်း စံနုံးနဲ့ နိုင်းဆ
တမ်းတမ်းတတ
ညီမျှတဲ့အခွင့်အရေးအတွက်
အကြမ်းမဖက်တောင်းဆို
အဲဒါကို
ကြေးနီရောင်ရင့်ရင့်”သေစေဖူး”တွေ
ဒလဟောသွန်းကြဲခံခဲ့ရ
ကြွေကျလိုက်ရတဲ့ ကြယ်ဖြူတွေ
ပိုးစိုးပက်စက်
မြင်ရက်စရာမရှိခဲ့
ဒါ ၈ ၈ ၈၈ကဖြစ်ခဲ့
မေ့ရက်စရာလား........။

ဆယ်စုနှစ်ခုစွန်း
ခုကော
တချပ်မက မှောက်ဖဲတွေနဲ့ 
အလှည့်ကျမရှိ
”----------ဒိုင်
ဖဲကိုင်သလိုမျိုး
ဘယ်လိုချိုးချိုး
ဒိုင် ကိုး
ထိုးသား ဘူးကြီး
ပွဲအပြီးမှာတော့
ဒိုင်ပဲနိုင်သွားအုံးမပေါ့။

အသေရိုက်ထည့်ထားတဲ့
ပုံစံခွက်ထဲက
ခေါက်ရိုးကျိုးဦးနှောက်
ရမက်တိမ်မဲ(မည်း)အောက်က
ပါးပါးလျှလျှအကွက်ချ
လင်းလက်ထားတဲ့
အလင်းကွက် ကျား ကိုမှ
တမ်းတသယောင်
သူတို့ အတွက်
အသက်ရှုချောင်ဖို့ ရွေးချယ်သွား
ပြည်သူကိုတော့ ဘေးဖယ်ထား။

ယုတ္တိဗေဒနဲ့ ကြိုတွက်
တိုင်းပြည်ကိုချစ်ရင်
ကွက်ကျော်တော့မြင်ပါစေ။

1 comment:

  1. ဟလို မိတ်ဆွေကြီး ကိုသုံည
    နေကောင်းတယ်နော်
    နန်းလည်း လုံးဝမအားလို့ ဘလောက်ဘက်မလှည့်နိုင်ဘူး။
    ကိုသုံညဆီ ရောက်လို့ ကဗျာကြွေးတွေလာဖတ်သွားပါတယ်။
    ခင်မင်သတိရလျက်
    တောင်ပေါ်သူ နန်း

    ReplyDelete