Monday, July 19, 2010

ကျုပ်တို့ ဘ၀ မိအေးဆယ်ခါနာ

ကျုပ်
ဖိုးတုတ်
အဖိုးအဖေရဲ့ လက်ငုတ်
လယ်လုပ်ခြင်းအလုပ်
ထမင်းတလုပ်အတွက်
ဂျိုကုတ်တရှဉ်းနဲ့ 
ထွန်ယက်ခြင်းနှင့်တကုပ်ကုပ်။

ကျုပ်တို့ ပိုင်ဆိုင်တာ
တဲစုတ်လေးကုပ်ကုပ်
မနက်ခင်းလဲ ပဲပြုတ်
နေ့ လည်ဟင်းလဲ ပဲပြုတ်
ညစာမှာလဲ ပဲပြုတ်နဲ့ လွှေး
နိုင်ငံတော်အတွက်
အခွန်တော်ကပေးရသေး
ဒီဘ၀လေးကိုတောင်
အေးတယ်လို့ ထင်နေဆဲ။

ဥတက္က တောဝါ
နိုပ်စက်လာတော့
အဖိုးအဖေလက်ငုတ်
ရေထဲပျက်မြုတ်
ဂျိုကုတ်တို့ လဲ
တဘ၀ခရီးနိဂုံးချုပ်
ရှေ့ ဆက်ခရီးမှာ မိုးလဲချုပ်။

လေပြင်းတိုက်ထုတ်
တဲကုပ်လေးလဲ
ပျက်စီးပြိုပြုတ်
ကျုပ်တို့ ရဲ့ အာရုံဦးတွေလဲ
ပြိုပျက်ပျောက်ခဲ့။

အဲဒီမှာ
ကျုပ်တို့ ရဲ့ လုပ်အားကို ညှစ်ထုတ်
သွေးစုတ်တယ်...
မြေခွန် ရေခွန် ညှစ်ထုတ်
သွေးစုတ်လွန်းတယ်
အမ တော်ကြေး
စိုက်ပျိုးစရိတ်အကြွေး
အကြွေးပေး..အတိုးယူ
တနှစ်..တနှစ် ယူခဲ့တဲ့ဘဏ်တိုး
အသိန်းအသန်း တိုးပွါး
အဖိုးအဖေပေးခဲ့မြေနေရာ
ဂဏန်းခွံအရွယ်ပမာ
သူတို့ အရေးဆို-အမိန့် ပေး
မယူလည်းပေး
မလိုလည်းပေး
မပေးလည်းယူ
ချက်တီး”ပုံတူ
အတင်းပဲသိမ်းယူ
လယ်သမား မိအေးဆယ်ခါနာဘဝ
ထပ်ပြန်တလဲလဲရခဲ့ကြ။

ငုံ့ ခံရတာများတော့
တုံ့ ပြန်မယ့်အားတွေက
ကျုပ်ကိုစေခိုင်း
တောရိုင်းရိုးမဆီ
အနာဂါတ်ဘ၀တွေ
အလင်းပန်းဝေစေဖို့ 
ညီနောင်တို့ နဲ့ 
လက်တွဲချီတက်ခဲ့တာ
ခုခါဆိုရင်
သုံးဆောင်းဝင်ပြီ။


1 comment:

  1. မိအေး ဆယ်ခါနာကဗျာ ရင် ကို ထိတယ်ဗျာ

    ReplyDelete