Friday, July 16, 2010

များစွာတောဝါ

အတိုင်းထက်အလွန်
နွေမီးလျှံ
တံလျှပ်ဟုန်းဟုန်းထ
သံတွေအရေပျော်တဲ့ လ
ပူပြင်းကြောက်စရာ ပ
လူတွေ”ရေ”ကိုအမဲလိုက်ကြ
သဘာဝဘေးဒုက္ခ
အသေအကြေခံကြရ။

ရုတ်တရက်
မိုးကသည်းထန်
မြေအပြင် ပင်လယ်ဖြစ်သွား
သဘာဝဘေးဒဏ်
ရောဂါဘယဒဏ်
တွင်းကျွံရေနစ်တဲ့ဒဏ်
သွေးလွန်တုတ်ကွေးဒဏ်
ဒုက္ခအတန်တန်ရဲ့ ဒဏ်
ဒုက္ခထဲကဒဏ်ပြည်သူတွေပဲခံ။

လူမှုဒုက္ခ
သဘာဝဘေးဒုက္ခ
အထပ်ထပ်ရင်စီးခံကြရပေါ့
ရာဇေ တာ၀ါ
စောရ တောဝါ
ဥတက္က တောဝါ
အတ္တကြီးကြီးရမက်မီး တောဝါ
မယားစကားနားထောင် တိုင်းပြည်ပေါင် တောဝါ
လင်ရှိန်မာန်တက် မူးကတော်များ တောဝါ
နောက်လိုက်အရိုးကိုက်တစုရဲ့  တောဝါ
အစိုးရဆိုတဲ့ ဖိနှိပ်မှုကရိယာ တောဝါ
ပျော်ပွဲအတွက်
အကောင်းဆုံးအရက်သောက်မပျက်
ပြည်သူ့ လည်ပင်းညစ်ဖို့ တကွက်ပြီးတကွက်။

2 comments:

  1. တောဝါတွေ တောဝါတွေ
    လာဖတ်သွားတယ်

    ReplyDelete
  2. ကိုသုံည
    အပြေးအလွှားလာဖတ်သွားတယ်
    ကလောင်လက်နက်
    လေးစားလျက်

    ReplyDelete