Thursday, July 15, 2010

ဖြေတော်မူ

ပုလင်းတလုံးရဲ့ 
တိုင်းပြည်ထဲ
အခွင့်အရေးမှန်သမျှ
ငါတို့ သာပိုင်
ဆုပ်ကိုင်ထားတဲ့
အာဏာရစ်မူးသူရဲ့ 
လက်သီးတဆုပ်
ပြန်ထုတ်မရကြ
လက်ဆုပ်မဖြေချင်ကြ
ပုလင်းအခွဲခံမလား
လက်ပဲဖြတ်ပေးရမလား
လက်ဆုပ်ဖြေလိုက်ပါလား...ကိုယ့်လူရယ်။

No comments:

Post a Comment