Sunday, June 20, 2010

မီးရောင်စုံအောက်က မိခရေ

မိခရေ--ရေ
မင်းနဲ့ ငါ
ထိုင်ခဲ့ဖူးတဲ့
ခရေပင်အောက်
ငါတခေါက်ရောက်ခဲ့ပေါ့။

ငါတို့ ထွင်းထုခဲ့တဲ့
စာစုကလေးများ
အထင်အရှားရှိနေဆဲလေ။

ခရေပင်ကြီးနဲ့ ပန်းလေးတွေက
ငါတို့ လာမဲ့လမ်းကို
လှမ်းလင့်တေးဆို
ငေးမောကြိုနေကြ။

ခက်တယ် မိခရေ
ငါသူတို့ ကိုဘယ်လိုပြောရပါ့မလဲ။

ငါက
”ဖိုးထောင်”နဲ့ အတူ
မင်းကတဲ့ညတည
ကျကျနန
မြို့ ပြရဲ့ ယျဉ်ကျေးမှု
တို့ ရွာရဲ့ ယျဉ်ကျေးမှု
မတူညီမှုတွေ
သင်ယူခဲ့ပြီးပြီလေ။

မိခရေ
ငါလည်းလေ
အကွေ့ အကောက်
အနိမ့်အမြင့်များတဲ့
ဘ၀လှိုင်းရဲ့ ခေါ်ဆောင်ရာ
မှော်ဆန်တဲ့ကံကြမ္မာလှည့်ကွက်
ဆေးချယ်ချက်တွေခံယူရင်း
ခါးပိုက်နှိုက်ခြင်းအကျင့်
ရင့်သထက်ရင့်
ထောင်မင်းသားတောင်
ဖြစ်ခဲ့ဖူးရဲ့ ။

မိခရေ
ဖြူစင်ယျဉ်ကျေးတဲ့
ခရေပန်းလေးဘ၀က
ညမှာမှ ပွင့်ကြမွှေးကြရတဲ့
ညမွှေးပန်းဘဝ
လှလှပပ
ဘ၀ဇာတ်စင်ပေါ်မှာ
မင်းက-ကပြလို့ ။

ညဘက်
သက်တန့် ထွက်သည့်အလား
မြို့ တော်ရဲ့ Bar တခုရဲ့ အရောင်အ၀ါ
ရောင်စုံမီးအောက်
အမျိုးစုံတဲ့အခိုးအငွေ့ တွေက
လက်ချင်းယှက်-ရင်ခြင်းဆက်နေကြ။

ဆူညံတဲ့ပုလင်းစကား
လဲလှည်မှုတေးသွားတွေ
ဈေးစကားတွေဆိုကြလို့ ပေါ့။

အခိုးအငွေ့ နဲ့ ဆူညံသံထိုးဖေါက်
မင်းတယောက်
အလတ်စားအဆိုတော်လောက်မကောင်းတဲ့အသံ
ဇာချဲ့ ပလီ ရီတီတီမျက်လုံးတွေနဲ့ 
ပလီပလာမာယာတွေပိုနေပုံများ
တခါတုံးက”မိခရေ”မှဟုတ်ရဲ့ လားကွယ်။

သက်တန့် ရောင်မဟုတ်တဲ့
အပူလှိုင်းတွေအောက်ကလူတွေ
ငြိမ်းချမ်းရေးတေးသံကင်းမဲ့
အောက်ဆုံးလွှာရဲ့ လူတွေ..မှာတော့
ကွယ်.....မိခရေရယ်..
မင်းကိုဘယ်လိုပြောရပါ့..
သူတို့ ရဲ့ ရပိုင်ခွင့်မှန်သမျှ
ဆုံးရှုံးနေကြရ
သူတို့ ထံကအခွင့်အာဏာ
လုယူထားသူတွေမှာ ကြွယ်ဝ
တန်ခိုးကြွယ်ဝ
လျှမ်းလျှမ်းထလို့ ။

ငါတို့ တွေမှာ
မနက်ဖန်အတွက်
အသက်ဆက်ဖို့  ဗလာ
ဆန်အိုးထဲဆန်ဖြည့်ဖို့ အရေး
အသက်သွေးတွေပေးဆက်ရင်း။

အလုပ်သာရှား
အခွန်အထုပ်ပေးဆက်ရတာများ
နင်းပြားဘ၀ပြည်သူ
ဘယ်လိုများ အူစိုနိုင်မယ်ပါ့
အော် ဒုက္ခ..ဒုက္ခ...ဒုက္ခ..။ ။

No comments:

Post a Comment