Saturday, June 26, 2010

ပျောက်ဆုံးနေသော လူဖြစ်ရတဲ့ဘဝ






ဥတု-အာဟာရ
ကံ-စိတ်မျှလို့ 
ရလိုက်တဲ့ ဒီဘဝ
အာဏာရှင်လက်ပြ
အချက်ပေးလိုက်တိုင်း
လောကဓံ အတုလက်သီးချက်
အရှောင်ခက်လို့ 
ဘ၀မှာ ခဏခဏဖူးရောင်ခဲ့ရ။

ဆယ်စုအဆက်ဆက်
သွေးစွန်းညစ်ပေခဲ့တဲ့
ညိုမည်းမည်းအင်္ကျီကို
မက်လုံးအထပ်ထပ်ဆပ်ပြာနဲ့ 
အတင်းပွတ်တိုက်
လျှော်ဖွတ်ဖို့ ကျိုးစားခဲ့ကြ။

”----------------လူတချို့ က
တကိုယ်ရေအမြတ်ရဖို့ ?။့

 ခြေဆုံးခေါင်းဆုံး
တချိန်လုံး
အာဏာလေရိုင်း
စစ်မုန်တိုင်းတွေ
တချိန်လုံး
သေမင်းခေါ်သံနဲ့ လင်းလက်နေတဲ့
စစ်တလင်းတွေ
တချိန်လုံး
သွေးအဖြန်းခံရပေတရာလမ်း
အရမ်းပတန်းအောက်မှာ
ဝိညာဉ်ကမ္ဘာကြီး
တည်တောက်ခဲ့ရ။

အသက်ကလေးရှူ
လူတော့လူပါပဲ
မျက်စေ့-နား-ပါးစပ်
အတွေး-မလပ်အောင်
ခြေလက်ကြိုးတုတ်
ရုပ်သေးရုပ်လောက်
မလွတ်လပ်ခဲ့
လူတော့လူပါပဲ။

စစ်အုပ်စု အာဏာပါဝါ
ရမက်မိုးရိုင်းတွေ
စိတ်ကြိုက်ဝုန်းဒိုင်း
ရွာသွန်းနေဆဲ။

 အနိုင်ကျင့်မှု
ရောင်စုံလူမှုဒုက္ခ
ဒေသစုံမှာ အရွာခံရဆဲ
ကိုယ်ပိုင်အခွင့်အရေးရောင်ချည်
ယုယထွေးပိုက်
မျော်လင့်ချက်ပြင်းပြင်းကို
ချိုးဖျက်ရိုက်ချိုး
ဥပဒေအမျိုးမျိုးနဲ့ 
မြန်မာပြည်အရပ်ရပ်
သော့ကိုသော့ခတ်လို့ ။

ဥပဒေ ချိန်ခွင်လျှာ
ကိုယ့်မျိုးကိုယ့်ဆွေ
နားထောင်သူတွေအတွက်
အလေးသာတဲ့ ချိန်ခွင်လျှာ
ဘယ်မှာလာအမှန်ဆောင်နိုင်ပါ့။

ဟစ်တိုင်တွင် ဖေါ်ပြပြီး

No comments:

Post a Comment