Sunday, May 16, 2010

အမှန်အတွက်အမှားကိုခြစ်ရခြင်း

အမှန်ကိုခြစ်
အမှားကိုကြက်ခြေခတ်
ဒါမှ အောင်မှတ်ရမယ်
ဆရာဆိုခဲ့
ကျောင်းစာကျက်တုံးက။

ဒီနေ့ အခြေနေ
မြန်မာပြေ(ပြည်)
ရင်ဘတ်မှာပျို့ ပျို့ တက်
မျက်နာမှာအပြုံးမပျက်
မာယာ တ၀က်နဲ့ 
ဘောဂဗေဒ ဆန်ဆန်နုတ်ဆက်
ဒါ အကျင့်ပျက်တာမဟုတ်
နေ့ စဉ်အလုပ်တခုပါ
မျက်နာလည်းညောင်းညာနေပြီ။

ကြည့်လေ
ကိုရင်ဖိုးတုတ်
ရိုးရိုးကုတ်ကုတ်
စာရေးကလေးအလုပ်
ခလေးတအုတ်နဲ့ 
ရိုးရိုးလေးကျင့်
မြင့်မြင့်လေးကြံ
မိသားစုရဲ့ ထမင်းပုဂံထဲ
အသားဟင်းပျောက်
ငါးဟင်းလဲပျောက်
ငပိရေ ကျဲကျဲသာရောက်
တို့ စရာတောင် မလုံမလောက်
ရိုးသားမှုတွေလည်း
ကြက်ပျောက်ငှက်ပျောက်
ပြည်ချစ်သူ တောက်(တက်)ခေါက်။

မေမေရေ . . .
ကျွန်တော်လေ
အရောင်မဲ့စွာ၊ လင်းလက်ချင်ပေမဲ့
ကောက်ကွေ့ စွာ၊ ဖြောင့်တန်းနေမိတယ်
ခွင့်လွှတ်ပါမေမေရယ်။

ဟစ်တိုင် တွင်ဖေါ်ပြပြီး

3 comments:

  1. ရောက်တယ် ကဗျာဆရာမောင်သုံည

    ReplyDelete
  2. ဒီနေ့ အခြေနေ
    မြန်မာပြေ(ပြည်)
    ရင်ဘတ်မှာပျို့ ပျို့ တက်
    မျက်နာမှာအပြုံးမပျက်
    မာယာ တ၀က်နဲ့ 
    ဘောဂဗေဒ ဆန်ဆန်နုတ်ဆက်
    ဒါ အကျင့်ပျက်တာမဟုတ်
    နေ့ စဉ်အလုပ်တခုပါ
    မျက်နာလည်းညောင်းညာနေပြီ။

    ကိုသုံည မျက်နှာညောင်းနေပြီလား။
    နှိပ်ပေးမယ့်သူ ရှာပေးရမလား ? ဟီးးးးးးးးး

    ReplyDelete
  3. မေမေရေ . . .
    ကျွန်တော်လေ
    အရောင်မဲ့စွာ၊ လင်းလက်ချင်ပေမဲ့
    ကောက်ကွေ့ စွာ၊ ဖြောင့်တန်းနေမိတယ်
    ခွင့်လွှတ်ပါမေမေရယ်။

    နောက်ဆုံးပုဒ်လေးက ''ထိ'' တယ် ကိုသုံည

    ReplyDelete