Tuesday, May 18, 2010

ငြိမ်းချမ်းရေးနဲ့ စစ်ပွဲများ

စစ် ဖြစ်ပြီးမှ
ပြေငြိမ်းကြတာ
သာဘာဝ လား။

လွတ်လပ်ပန်းကိုလှမ်းလင့်
သွေးပျက်စရာစစ်ပွဲ
အမှားနဲ့ အမှန်.....စစ်ပွဲ
အမှားနဲ့ အမှား.....စစ်ပွဲ
အမှန်နဲ့ အမှန်.....စစ်ပွဲ
ဘယ်လိုစစ်ပွဲဖြစ်ဖြစ်
ရက်စက်မှုနဲ့ ဆုံးရှုံးမှု
အဲဒါတွေသာ စုပြီးရလိုက်တယ်။

စစ်ဖြစ်နေဆဲ
ကျဉ်ဆံနဲ့ ယမ်းငွေ့ 
သူတပြန်ကိုယ်တပြန်
ပွေ့ ခွေ့ အသက်ပေး၍ပေါ့။

ကမ္ဘာကြီးသာ
စကားပြောတတ်ခဲ့ရင်
ရင်နာလိုက်တာ
အော်မိမှာပေါ့။

မာနုတို့  ခေတ်
စစ်ပွဲတွေဖြစ်
ခရူးဆိတ်
စစ်ပွဲတွေဖြစ်
ဟစ်တလာတို့  ခေတ်
စစ်ပွဲတွေဖြစ်
တနိုင်ငံနဲ့ တနိုင်ငံ
စစ်ပွဲတွေဖြစ်
တအုပ်စုနဲ့ တအုပ်စု
စစ်ပွဲတွေဖြစ်
ပြည်တွင်းစစ်ပွဲတွေဖြစ်
ဘယ်လိုပဲဖြစ်ဖြစ်
ဖြစ်လိုက်တဲ့စစ်ပွဲ
သေကြေဆုံးရှုံးရတာ
ပြည်သူတို့  ဘဝ
ပျက်စီးဆုံးရှုံးရတာ
ကမ္ဘာ့ သံယာဇာတ
"-----------------"က
စစ်ကိုလွမ်းမိုး
ငြိမ်းချမ်းရေးမိုးတွေ
ရွာပါစေတော့။

အသိတရားနည်းပါး
အင်အားကြီးမားမှုအမှန်ထင်
စစ်ဘုရင်တွေ
ကျဆုံး ရှုံးတိုင်းမှာ
သမိုင်းအရိုင်းသာကျန်ခဲ့။

စစ်မီးလျှံအောက်
အဖေပျောက်
အမေကွဲ
သားတွဲလွဲနဲ့ 
မုဆိုးဖို-မ
ကုဋေကဋာမက
ဖြစ်ခဲ့ရကြ
စစ်ရဲ့ မဟာအမွေပေါ့။

မနုဿတွေ
အသိညာဏ်တွေက
မြင့်သထက်မြင့်
အတွေးခေါ်တွေက
ထက်သထက်-ထက်
စစ်ပွဲတွေက
ဖြစ်သထက်ဖြစ်
ငြိမ်းချမ်းရေးအတွက်
အသက်ပေးဆက်ရ
သွေးတွေက သမုဒ္ဒရာ
အရိုးတွေက ဟိမ၀န္တာ
ဒါနဲ့ တောင်
ငြိမ်းချမ်းရေးအတွက်စစ်ပွဲ
နွဲနေရဆဲပဲ။

စစ်-ဖြစ်ပြီးမှ
ပြေငြိမ်းကြတာ
သာဘာဝ လား.။ ။

သူရိယ တွင်ဖေါ်ပြပြီး

1 comment:

  1. ဖတ်သွားတယ် ကိုသုည ရေ မ၀င်ဖြစ်တာကြာလို့ရောက်တုန်းရောက်ခိုက်ပေါ့
    ငြိမ်းချမ်းရေး အတွ က် စစ်ကိုတိုက်ဘို့ လိုပါတယ်
    စစ်မတိုက်ဘဲ ငြိမ်းချမ်းရေး ရဘို့ ဆိုရင်တော့ လူတွေ ဒေါသ မောဟ မာန အတ္တ တွေ အရင်ရှင်းဘို့ လိုပါလိမ့်မယ်

    ReplyDelete