နှစ်-နှစ်ဆယ်ကျော်ရဲ့ 
အတိတ်ရိုင်း
စက္ကန့် မဆိုင်း
သိန္ဓောမြင်းရိုင်းတကောင်လို
ငါ့ရင်ဘတ်ထဲ
ဒုံးစိုင်းပြေးနေဆဲပဲ။
မျက်လွှာခြင်းယှဉ်ယှက်
မှေးစက်သွားလည်း
အိမ်မက်ထဲမှာ
တိမ်မဲအတိတ်
အရိပ်တရိပ်မတွေ့ ချင်
ငါ နှင့်ငါတို့ မုန်တိုင်းများ
တိုက်ပွဲအင်အား
ကြီးမားဆဲလေ။
မပြတ်စဲသေးတဲ့ဘ၀ပေး
မပြီးဆုံးသေးတဲ့ သမိုင်းပေး
ဒီအကြွေးတွေ
ရေးရေးလေးအတွက်တောင်
နောက်မဆုတ်ဘူး။
ကောင်းကင်ကမိုး
အကြောင်းအမျိုးမျိုးကြောင့်
စဲတောင့်စဲခဲ
ငါတို့ ရင်ဘတ်ထဲ
တသဲသဲရွာဆဲ
စနစ်ဆိုးကိုဖျက်သိမ်းလိုတဲ့ဆန္ဒမိုး
ဘယ်တန်ခိုးရှင်မှ
တားမရတဲ့မိုး
အငြိုးနဲ့ သာ
ရွာတဲ့မိုး။
နံပါတ်သုံးဆိုတာ အဆုံးတော့မဟုတ်ဘူး ရုန်းနေတုံးပေါ့(ရုန်း၍ကန်၍ရင်ဆိုင်၍)
ကောင်းကင်ကမိုး
ReplyDeleteအကြောင်းအမျိုးမျိုးကြောင့်
စဲတောင့်စဲခဲ
ငါတို့ ရင်ဘတ်ထဲ
တသဲသဲရွာဆဲ
စနစ်ဆိုးကိုဖျက်သိမ်းလိုတဲ့ဆန္ဒမိုး
ဘယ်တန်ခိုးရှင်မှ
တားမရတဲ့မိုး
အငြိုးနဲ့ သာ
ရွာတဲ့မိုး။
မိုးရယ် မိုးရယ် အစိုးမရတယ်