Wednesday, December 16, 2009

မင်းတို့ အတွက် နှစ်

သူပိုင်တယ်ထင်တဲ့ကောင်းကင်ကို
ကြယ်တပ်သားတွေက
အမျိုးမျိုးဖန်ဆင်း
သေနတ်သံကြားထဲက

ဘယ်တော့မှမရတဲ့နောင်တနဲ့ 

အမှန်တရားကိုချစ်မြတ်နိုးနေတဲ့သူတွေ။


လေကြမ်းမြေကြမ်း
မုန်တိုင်းရဲ့ လမ်းကြောင်းပေါ်
ဗြဟ္မာစိုရ်တရားအဖေါ်ပြုရင်း
လေအသင့် ရာသီအဖွဲ့ မှာ

လင်းတလှဲ့ မလင်းတလှဲ့ 

ပေါ်တလှဲ့ မြုပ်တလှဲ့ 

ဇွဲအထပ်ထပ်နဲ့ ပွင့်တဲ့ပန်းကြာဖြူ။

တိမ်မြူမဲ့ကင်း
ငြိမ်းချမ်းခြင်း လမင်းအရောင်
မွတ်သိတ်ဆာလောင်နေ
အသိန်းအသန်းပြည်သူတွေ။
ငြိမ်းချမ်းရေးလရောင်အတွက်
တိမ်မဲကွက်တိမ်တောင်အား
မောင်းထုပ်လှဲကျင်းဖို့ 

ငါတို့ ရင်ဘတ်ထဲ
မုန်တိုင်းနီ မွေးဖွားဆဲလေ။


ဟစ်တိုင် တွင်တင်ပြပြီး
ခက်တာကရင်ဘတ်အတွင်းသား တနည်း နှလုံးသားမှာစွဲမြဲသွားပြီဆိုရင်ဖျက်ဘို့ တနည်း မေ့ဖို့ ခက်တယ် ခံစားဖူးသူတိုင်းသိကြပါတယ်။

1 comment:

  1. ခက်တာကရင်ဘတ်အတွင်းသား တနည်း နှလုံးသားမှာစွဲမြဲသွားပြီတိုရင်ဖျက်ဘို့ တနည်း မေ့ဖို့ ခက်တယ် ခံစားဖူးသူတိုင်းသိကြပါတယ်။

    သိပ်ကိုမှန်ပါတယ်

    ReplyDelete