ကျန်ခဲ့သောအဖေမေတို့ 
အကျွန်တို့ ရင်ထဲ
စွဲမှတ်တေးထား
တန်ဘိုးကြီးမား
အစားမထိုးနိုင်သောအရာ
ထိုအရာ
မိဘနဲ့ သူတို့ မေတ္တာ
ကုန်ဆုံးသွားသောအချိန်များစွာ။
နှစ်ပေါင်းငါးဆယ်အတွင်း
အရေးခင်းများစွာ
စစ်မက်များစွာ
အကျွန်တို့ ပြည်မှာဖြစ်ခဲ့။
အရေးအခင်းနဲ့ စစ်မက်တွေက
အဖေပေါင်းများစွာရော့ပါးသွားစေခဲ့
ရေတွက်နိုင်လို့ လား။
အမေတွေဆုံးပါး
ဘယ်သူကများ
ပြုံးထားနိုင်မယ်ပ။
တချိန်က
အာရှတိုက်ရဲ့ စပါးကျည်
အကျွန်တို့ မြန်မာပြည်ပ။
တချိန်က
ကမ္ဘာမှာအာရှ
အာရှမှာမြန်မာ
ဗုဒ္ဓသာသနာ
လင်းရောင်ဖြာခဲ့
ခုတော့ ခုတော့
ဆုံးပါးခဲ့တဲ့ သံဃာများ
ဆုံးပါးခဲ့တဲ့ အဖေမေများစွာ
တိုးတက်ရေးအတွက်ဆုံးပါးခဲ့တဲ့အချိန်များစွာ
အစားမထိုးနိုင်သောအရာများစွာ။
သူရိယ တွင်ဖေါ်ပြပြီး
မိဘနဲ့ သူတို့ မေတ္တာ
ကုန်ဆုံးသွားသောအချိန်များစွာ။
နှစ်ပေါင်းငါးဆယ်အတွင်း
အရေးခင်းများစွာ
စစ်မက်များစွာ
အကျွန်တို့ ပြည်မှာဖြစ်ခဲ့။
အရေးအခင်းနဲ့ စစ်မက်တွေက
အဖေပေါင်းများစွာရော့ပါးသွားစေခဲ့
ရေတွက်နိုင်လို့ လား။
အမေတွေဆုံးပါး
ဘယ်သူကများ
ပြုံးထားနိုင်မယ်ပ။
တချိန်က
အာရှတိုက်ရဲ့ စပါးကျည်
အကျွန်တို့ မြန်မာပြည်ပ။
တချိန်က
ကမ္ဘာမှာအာရှ
အာရှမှာမြန်မာ
ဗုဒ္ဓသာသနာ
လင်းရောင်ဖြာခဲ့
ခုတော့ ခုတော့
ဆုံးပါးခဲ့တဲ့ သံဃာများ
ဆုံးပါးခဲ့တဲ့ အဖေမေများစွာ
တိုးတက်ရေးအတွက်ဆုံးပါးခဲ့တဲ့အချိန်များစွာ
အစားမထိုးနိုင်သောအရာများစွာ။
သူရိယ တွင်ဖေါ်ပြပြီး
ကိုသုံည
ReplyDeleteဆိုက်ဖွင့်မရဘူးလို့အောင်းမေ့တာ
လင့်ပြောင်းတာတောင် မပြောဘူး
မကဗျာဆီသွားလည်မှ လင့်အသစ် ရတယ်
ကဗျာတွေထပ်လာဖတ်အုံးမယ်
ကဗျာလေးကောင်းလိုက်တာရှင်
ReplyDeleteအရေးအခင်းနဲ့ စစ်မက်တွေက
ReplyDeleteအဖေပေါင်းများစွာရော့ပါးသွားစေခဲ့
ရေတွက်နိုင်လို့ လား။
အမေတွေဆုံးပါး
ဘယ်သူကများ
ပြုံးထားနိုင်မယ်ပ။
ဟုတ်ပါတယ် ကိုသုံည
အဖေများစွာ ကုန်သွားခဲ့သလို
လင်ပျောက် သားပျောက်မိခင်တွေရဲ့မျက်ရည်တွေလည်း
ပင်လယ်ဖြစ်သွားကြပါပြီ။
တချိန်က
ReplyDeleteအာရှတိုက်ရဲ့ စပါးကျည်
အကျွန်တို့ မြန်မာပြည်ပ။
အခုတော့ ကုန်းကောက်စရာမရှိအောင်ပြည်သူတွေမွဲနေပြီဗျ
ဆိတ်ဗိုလ်ချုပ်တွေရဲ့ဆွေတော်အပေါင်း။ မျိုးတော်တသောင်းပဲ
မြန်မာပြည်မှာချမ်းသာနေကြပြီဗျ။
ကဗျာတွေအားရစရာကောင်းတယ်
ReplyDeleteအားပေးနေပါတယ်
အဖေမေတွေ
ReplyDeleteအများကြီးဆုံးပါးသွားခဲ့သလို
သားတွေသမီးတွေလည်းအများကြီးပေးဆပ်ခဲ့ ကြပါတယ်
ကိုသုညရေ
ပေးဆပ်မှုနဲ့ ရင်းနှီးမှု
တန်ဘိုးတွေကြီးခဲ့ကြတယ်
အောင်ပွဲကတော့ ပြပြလေးတောင်မမြင်နိုင်သေးဘူး
တနေ့ နေ့ တော့
တနေ့ နေ့ ပေါ့လေ----
အလည်ရောက်ပါတယ်ခင်ဗျာ
ReplyDeleteကျနော် နာမည် ထွန်းအောင်ပါ
အဖေများသို့ ကဗျာကို သစ္စာ မဂ္ဂဇင်းအတွက် ပေးပို့ထားတာ မရှင်းလို့ ဒီမှာ လာပြန်ပြီး ယူသွားပါတယ်ခင်ဗျာ၊
လေးစားစွာဖြင့်
ထွန်းအောင်(သစ္စာ)