(အတွေးသစ် မဂ္ဂဇင်း တွင်ဖေါ်ပြပြီး)
ငါ့ခရီးအစ၊ မျော်ကြည့်ရခက်
ရတက်မအေးတာလား၊ အခက်တွေးတာလား
စဉ်းစားတိုင်းမှာ၊ အဖြေရှာမရ
လောကဓမ္မတာလို့ ပဲ ဆင်ချေပေးလိုက်ရ။
အပြေးအလွှား၊ အတားအဆီး
မောကြီးပန်းကြီး၊ ခရီးကမဆုံး
ဘိုင်းဘိုင်းလဲမတတ်၊ ဇောကပ်လို့ ချဥ့်နဲ့ 
ကူမဲ့သူကင်း၊ ကန္တရတလင်းမှာ
အဆင်းဗလာ၊ ထမင်းကဆာ။
ရှိစေတော့
ဇနီးမယား၊ သမီးသားနဲ့ 
ဆီးတားဆို့ ပိတ်၊ သောကရိပ်တွေ
ငါစိတ်ကိုလောင်မြိုက်၊ အမှောင်တိုက်လား
ဝိုးတ၀ါးစမ်းမိ၊ သတိကခွါလိုက်ကပ်လိုက်။
အဆင်းတခုလား၊ ယမင်းအတုလား
ခွဲခြားမရ၊ လက်ပြနုတ်ဆက်သလို
ပွေ့ ဖက်ကြိုဆိုသလိုနဲ့ 
မူယာပိုမျိုးစုံ၊ ငါ့အာရုံမှာ
ရောင်စုံအရိပ်တွေေ၀၀ဲနေရဲ့။
ငါသတိကပ်လိုက်မှ၊ တရစပ်နှိပ်စက်ခဲ့တဲ့
လူသတ်မရဏမင်း၊ အဆင်းမျိုးနဲ့ 
အတင်းတိုးငါ့ကိုခေါ်ဖို့ 
အဖေါ်လိုလို၊ မာယာပိုနေတာ
ငါ့ခေါင်း(ဂေါင်း)မှာအသိဝင်၊ ငါပြင်ထားမှ
ထင်ရှားပန်းတိုင်၊ ငါအနိုင်ပိုင်းနိုင်မယ်လေ ။
လာဖတ်သွားပါတယ် ကဗျားလေးကောင်းတယ်
ReplyDeleteငါ့ခေါင်း(ဂေါင်း)မှာအသိဝင်၊ ငါပြင်ထားမှ
ထင်ရှားပန်းတိုင်၊ ငါအနိုင်ပိုင်းနိုင်မယ်လေ။
ခုချိန်ထိတော့ အနိုင်မပိုင်းနိုင်သေးဘူး
တနေ့ နေ့ တော့ တနေ့  နေ့ ပေါ့
တနေ့တလံ ပုဂံ ဘယ်ပြေးမလဲ
ReplyDeleteဆိုတဲ့စကားပုံ ဟာ အလကား စကားမှမဟတ်တာ
ဖိနှိပ်သူရှိရင် တော်လှန်သူဆိုတာရှိနေမှာပါကိုသုံည
ငါ့ခရီးအစ၊ မျော်ကြည့်ရခက်
ReplyDeleteရတက်မအေးတာလား၊ အခက်တွေးတာလား
စဉ်းစားတိုင်းမှာ၊ အဖြေရှာမရ
လောကဓမ္မတာလို့ ပဲ ဆင်ချေပေးလိုက်ရ။
အပြေးအလွှား၊ အတားအဆီး
မောကြီးပန်းကြီး၊ ခရီးကမဆုံး
ဘိုင်းဘိုင်းလဲမတတ်၊ ဇောကပ်လို့ ချဥ့်နဲ့ 
ကူမဲ့သူကင်း၊ ကန္တရတလင်းမှာ
အဆင်းဗလာ၊ ထမင်းကဆာ။
လေးလုံးစပ် ကာရံတမျိုးနဲ့မရိုးနိုင်ပါလားဗျာ