Wednesday, December 16, 2009

တကယ်တော့

ဆရာကြီး"ဒဂုန်တာရာ"ကပြောတယ်
ပြည်သူတွေရဲ့ အသံများဟာ
ကျွန်တော်တို့ ရဲ့ ကာရန်တွေဖြစ်ရမယ်တဲ့။

နှစ်ဆယ့်တစ်ရာစုရဲ့ 
ရှစ်ဆယ်လမ်းမကြီးပေါ်က
ဘ၀ကော်ဖီဆိုင်ရဲ့အတ္တခါးခါးဟာ
ကော်ဖီတခွက်ဆိုရင်ပေါ့
တချက်ဖွာရှူလိုက်တိုင်း
ရဲရဲနီသွားတဲ့ စီးကရက်ကဒေါသ
သဲသဲကွဲကွဲမမြင်နိုင်အောင်
မှောင်မိုက်သွားတဲ့မီးခိုးငွေ့ တွေကိုတော့?

မရေရာပေမဲ့
သေသေချာချာကြည့်ရင်း
တစိမ့်စိမ့်သောက်လိုက်တဲ့ကော်ဖီခါးခါးက
တရိပ်ရိပ်နဲ့ သောကတွေအဖြစ်
သဏ္ဍန်ပြောင်းသွား
Allergies ဆန်တဲ့
အဖုအဖိတ်တွေပရပွ
အဲဒါကိုတွေကိုမျိုချရင်း
တဟင်းဟင်းနဲ့ 
အပူချိန်ပြင်းပြင်းရှိတဲ့လူဖျားတယောက်လိုညီးထွား။

အထောမသတ်နိုင်တဲ့လောဘတွေကို
စင်္ကြာမင်းပေးတဲ့လက်စွတ်လို
မချွတ်တမ်းသိမ်းဆည်းထားပြီး
တယောက်ကိုတယောက်
တိုက်ခိုက်ကြတာကို
သဘာဝနိယာမဆိုရင်
ငါပြောချင်တယ်
ငြိမ်းချမ်းရေးဆိုတာ ပုံပြင်ပဲ။

နီယိုင်းစွာဒုန်းစိုင်းခုန်ပေါက်ပြေးထွက်သွားတဲ့ စိတ်နီအစွန်းအပဲ့
ခံယူချက်ကတော့ စစ်ဖြစ်တာမကြိုက်ဖူး။

No comments:

Post a Comment