အံတင်းတင်းကြိတ်ရင်းနဲ့ 
ဝမ်းနည်းနာကျည်းမှု
အထပ်ထပ်လိမ်းကျံထားတဲ့
အာရုံဦးမဟုတ်တဲ့ အာရုံဦးတွေ
ပွေ့ ဖက်နမ်းရှုပ်နေရတာ
နေရဲ့အရှေ့ ခြမ်း
ကမ္ဘာရောက်တဲ့အချိန်တိုင်းပါပဲ။
အာဏာရှင်ရဲ့ 
စေခိုင်းချက်အရ
ငါ့တံခါးဝမှာ
နေ့ တဓူဝ
ရင်းရင်းနီးနီး
ပေါင်းသင်းကြီးပြင်းခဲ့ရ
ဆင်းရဲနုံချာမှုဆိုတဲ့
နှစ်လေးဆယ်ကျော်
အကျွမ်းတ၀င်ရင်းနီးခဲ့ သူခယ်ချင်း
သူက
ငါ့အိမ်မှာမှ မဟုတ်ပဲ
ရွာရိုးကိုးပေါက်
တပြည်လုံးရောက်နေတဲ့သူ။
တပြည်လုံးအတိုင်းအတာ
ဆင်းရဲနုံချာ
ဒုက္ခမှန်သမျှကို
ပေါင်းသင်းစားသောက်ရတာ
အသက်ရှည်ဆေး ထမင်းထက်
သေချာမှုပိုများနေ။
လူစဉ်မမှီတဲ့
နေထိုင်မှုစနစ်တွေကို
ရင်းရင်းနီးနီး
လက်ပွန်းတသီး
ပေါင်းသင်းနေထိုင်ခဲ့တာ
လွတ်လပ်ရေးဆိုတဲ့အသံ
မကြားခင်ကတည်းက
သံယာဇာတပေါပါလျှက်
ဆင်းရဲတွင်းနက်နေခဲ့ရ
ကံကြမ္မာကြောင့်လား
အာဏာကြောင့်လား.....။
ကိုယ့်ဘိတ်သိပ်ကိုယ်သွန်း
ကိုယ့်နန်းကိုယ်ဆောက်
အပြီးတိုင် ဘုံမြောက်နေတဲ့
ဘုရင်ရူး..................။
ပြည်သူကပေးတဲ့
ဘဏ္ဍာ သောက်ဗျောက်
အိမ်ကြီးဆောက်
မာနကြီးမှောက်နေလိုက်တာ
တကယ်တော့
အိမ်ကြီးနဲ့ တကွ
ပြည်သူ့ ဘဏ္ဍာတွေပါ။ ။
သူရိယ တွင်ဖေါ်ပြပြီး
ဒီဇိုင်းအသစ်ပြောင်းသွားတာလားမောင်သုံည
ReplyDeleteကိုသုံည ဆိုက်မှ ဟုတ်ရဲ့လား လို့ မျက်စေ့ လည်သွားတယ်။
ReplyDeleteသစ်တော လမ်း လေး နေရာမှာ မျောက်သုံးကောင် ရောက်နေလို့
ကဗျာတွေကောင်းလိုက်တာ။
တပြည်လုံးအတိုင်းအတာ
ReplyDeleteဆင်းရဲနုံချာ
ဒုက္ခမှန်သမျှကို
ပေါင်းသင်းစားသောက်ရတာ
အသက်ရှည်ဆေး ထမင်းထက်
သေချာမှုပိုများနေ။
လူစဉ်မမှီတဲ့
နေထိုင်မှုစနစ်တွေကို
ရင်းရင်းနီးနီး
လက်ပွန်းတသီး
ပေါင်းသင်းနေထိုင်ခဲ့တာ
လွတ်လပ်ရေးဆိုတဲ့အသံ
မကြားခင်ကတည်းက
သံယာဇာတပေါပါလျှက်
ဆင်းရဲတွင်းနက်နေခဲ့ရ
ကံကြမ္မာကြောင့်လား
အာဏာကြောင့်လား.....။
ကိုသုံည ရေ
င ဘို့ သမားတွေတနေ့နေ့ ဇာတ်လမ်းဆုံးပါလိမ့်မယ်သိပ်မစောင့်ရပါဘူး။
အိမ်သစ်လေးက ပိုလှတယ် ကိုသုံည။ လာလည်သွားတယ်နော် ပျော်ရွှင်ပါစေး)
ReplyDeleteမင်္ဂလာပါ......။ ကဗျာဖတ်သွားပါတယ်..။
ReplyDeleteအဆင်ပြေပျော်ရွှင်ပါစေ.....
ခင်တဲ့
သဒ္ဓါ