တိုင်းပြည်ရဲ့ တိုးတက်မှုက
သဟဇာတဖြစ်ရမည့်အစား
ပြဒါးတလမ်းသံတလမ်း
ကောက်ကွေ့ ပြီးဖြောင့်တန်းလို့ ။
လောဘ ဒေါသထူထူ
ဟစ်တလာရဲ့ ပုံတူ
အုပ်ချုပ်မူ ယန္တယား
ပြည်သူကိုနင်းပြားလိုသဘောထား
နေရာထိုထိုမှာရစ်မူး
အာဏာရူးစုတ်တံနဲ့ 
တဖက်သတ်ရူးကြောင်ကြောင်ရေးဆွဲ
ဥပဒေမဲ့အတ္တမြေရိုင်းပေါ်
မြေစမ်းခရမ်းပျိုးသူတချို့ 
မျိုး(တိုင်းပြည်)ချစ်တယ်ဆို
ဘယ်လိုနှလုံသားနဲ့ 
ယုံစားရမလဲ။
အာဏာနေရာ
ဖန်ဆင်းသူနဲ့ 
ဖျာခင်းသူတို့ 
လုံးထွေးရှုပ်လို့ 
ကြည့်လို့ မှကောင်းရဲ့ လား
အရပ်ကတို့ ။

ကောက်ကျစ်တဲ့
စစ်ဘုရင်ရဲ့ ရင်ခွင်ထဲ
ငြိမ်းချမ်းရေးငှက်
ဘယ်လိုပျံရပါ့မလဲ
ဒီလိုနဲ့ ပဲမြန်မာပြည်
အမှောင်ဖုံးခဲ့တာကြာပါပြီ။
ပြည်သူတို့ ခမျာ
ဒုက္ခရဲ့ ဒုက္ခဘောင်ထဲ
အိုက်ခမန်းရဲ့ -ငရဲခန်းအလား
ဆန္ဒမပါတဲ့
ဆင်းရဲသားအလွမ်းခန်းကို
ပါဝါမကိုဋ်
လက်နက်နဲ့ မိုက်သူ
အူတူတူဇာတ်ဆရာရဲ့ 
ငရဲခန်းပြဇာတ်ရှည်ထဲ
သွေးမျက်ရည်နဲ့ 
ဘ၀ပေးစတေးရင်း
ကြိတ်မှိတ်”က”နေရ။
အာဏာတိမ်တိုက်
မဲ(မည်း)မှောင်ခိုက်မှာ
ဥပဒေ အလင်းရောင်
ဘယ်လာ ၀င်းပြောင်ပါ့မလဲ။
သူရိယ တွင်ဖေါ်ပြပြီး
ကိုသုံည ကဗျာတွေကတော့ ထင်းကနဲကွင်းကနဲပဲနော်
ReplyDeleteဖတ်သွားတယ် ကိုပါလ ရေ နောက်မှ ထပ်လာမယ်
ReplyDeleteကိုသုံညရေ
ReplyDeleteမနက်ကတည်းက မန့်နေတာမရဘူး။
တိမ်ဖုံးပါလို့ လမသာ။
ReplyDeleteသာပြန်တော့လည်း မှောင်နဲ့မဲ။
ကိုသုံည
ReplyDeleteနေကောင်းလား
ကဗျာကြွေးတွေ လာဖတ်သွားတယ်။
ဂွတ်တယ်
လိုင်တို့ မီးမရတာကြာပြီ မှောင်နေလို့ အမှောင်ထဲမှာချော်လဲသေးတယ်။
ReplyDelete