ဥတုကနွေ
ပန်းပိတောက်တွေတောင်
အ၀ါရောင်မသန်းနိုင်တော့
အနီရောင်လွှမ်းနေ
ကြွေခဲ့ကြပြီလေ။
မျက်လှဲ့ ဆန်ဆန်
အလိုက်သင့်ကဗြောင်းပြန်
ဗြောင်းပြန်ကအလိုက်သင့်
ဥပဒေပြင်ဆင်ချက်တွေက
ဓါတ်ပြားဟောင်းတချပ်အဖြစ်
လူတွေစွန့် ပစ်ထားကြ။
နောက်ကျောမှဒါး(ဓါး)၀ှက်
မျက်နာဖုံးတ၀က်နဲ့ 
ပီကာဆို ပန်းချီထက်
(Pablo Picasso)
ဒီဇိုင်းတွေကပြိုးပြိုးပြက်ပြက်
အဲဒါတွေနဲ့ 
လက်ဆွဲနုတ်ဆက်
ဘာပဲဖြစ်ဖြစ်ပေါ့
ကိုယ့်ကိစ္စပြီးဖို့ ။
သမိုင်းသွေးအထပ်ထပ်
ညစ်ပတ်စုတ်ဟောင်း
အာဏာရှင်ခေါင်းပေါင်းကို
ဆပ်ပြာဘယ်လောက်ကောင်းကောင်း
ဖြူနိုင်ကောင်းရဲ့လား။
ကျွမ်းကျင်ရက်စက်
လူသတ်လက်ကို
မက်လုံးဆပ်ပြာနဲ့ ဆေးကြော
မင်းတို့ သဘောကို
ပြည်သူနဲ့ ကမ္ဘာက
ပါးရေ နပ်ရေ အ၀၀
ကောင်းကောင်းသိနေကြလေရဲ့ ။
နိုင်ငံတကာ
တံထွေးခွက်က
သွေးပျက်စရာမဟုတ်
အရေးကြုံရင်
နဂါး ဂဠုန်
အရေခွံခြုံရင်လဲ
လုံခြုံနေသားပဲလေ။
သမိုင်းတခုမှာ
ပါရဂူမြောက်ရက်စက်မှု
အိုက်ခမန်း က
(Adolf Eichmann)
ဂျူးတစုကို
အမြစ်ပြုတ်သုတ်သင်
ရာဇ၀င်မှာ ဘုရင်တဆူ
အဲဒီလူထက်
ခေါင်းတလုံမြင့်တက်သူ
ဘုရင် က၀ိ တဆူ။
ဥတုကနွေ
ပန်းပိတောက်တွေတောင်
အ၀ါရောင်မသန်းနိုင်တော့
အနီရောင်လွှမ်းနေ
ကြွေခဲ့ပြီးပြိးလေ။
ဟစ်တိုင် နှစ် သူရိယ (အလင်းအိမ်မဂ္ဂဇင်း)တွင်ဖေါ်ပြပြီး
ကဗျာတွေကောင်းလွန်းတယ်
ReplyDeleteကိုသုံည ကတော့လုပ်ပြီ
ReplyDeleteပိတောက်တွေ နီ ပြီတဲ့
ကဗျာဖတ်ပြီးခံစားရတယ် ကိုသုံည
ReplyDeleteကဗျာဆရာမောင်သုံညရေ
ReplyDeleteရောက်ပါတယ်