Sunday, April 11, 2010
သုံးနားမညီ ဒိုင်မေးရှင်း
ငါ့လှေငါ့ရွက်
ငါလွှင့်တာ
ပဲခူးပဲရောက်ရောက်
တခေါက်မက
ကမောက်ကမဖြစ်ချင်ဖြစ်
အရေးကြီးတာ
အသွားလည်းကုန်အပြည့်
အပြန်လည်းကုန်အပြည့်
ဘယ်သူ့ ကိုမှငါမကြည့်
ငါ့အိတ်ငါဖြည့်ဖို့ ။
ယမ်းညှော်နဲ့ ဝနေတဲ့
ဥပဒေတွေ
အမှောင်ထူထူထဲ
သွေးညှီနံ့ အုတ်ကျင်းဖွဲ့ 
ပုတ်အဲ့အဲ့ဂုဏ်သတင်းတွေနဲ့ 
ဟို တုံးက
ဖက်ဆစ်အယုတ်ကောင်တွေထက်
ပုတ်သိုးနံဟောင်
အာဏာရှင်စစ်ကောင်တွေ။
ကြာကြာဝါးရင် ခါးမှန်းသိလဲ
ဗိုက်ကြီးကားကား
ခပ်ကြွားကြွားနေနိုင်သူမို့ 
ဘယ်သူသေသေ
ငရွှေ-မာရင်ပြီးရော့ဆိုပြီး
မပြီးဆုံးသေးတဲ့
န၀မ မြောက်ငရဲ
လမ်းကြီးဖေါက်လို့ ။
ဒီကြားထဲ
အုန်းလက်နွားလေးထားခဲ့
အမြီးကိုတွယ်ဖက်
အတ္တသက်သက်နဲ့ 
သူတို့ လဲ
န၀မ ငရဲကို
အတိုးအရင်းပေးပြီးလိုက်ကြ။
တံဇဉ်ကိုင်သူ
တူကိုင်သူ
ဖိနပ် ပါးပေါက်သူ
ဖနောင့်ပါးပေါက်သူ
ပေါက်ပြဲစုတ်ပြတ်
အငတ်ငတ်အပြတ်ပြတ်
ဝမ်းဗိုက်လပ်နဲ့ 
မှောက်အိတ်ရရက်တွေထဲ
အမှောင်ပွန်းရှထားတဲ့
ဒါဏ်ရာတွေကသွေးချင်းချင်းနီ
ညှီစို့ စို့ ဘ၀တွေကို
သံယောဇဉ်မဲ့စွာခုံမင်နေရ
ဒါ-သူတို့ ရဲ့ ဘ၀တွေလေ။
ဟစ်တိုင် တွင်ဖေါ်ပြပြီး
4 comments:
  1. နဝမ မြောက်ငရဲလား
    ကိုသုံည ကဗျာမှာ တထပ်တိုးတာပေါ့နော်။
    ၈ ထပ်ပဲကြားဘူးလို့ပါ။
    ဒီကဗျာဆရာက ကြံဖန်တွေးတတ်တယ်။
    ReplyDelete
  2. ရေးလိုက်ရင် ရှယ်ချည်းပဲ
    လိုက်မမှီ ပါဘူးနော်
    ReplyDelete
  3. ကဗျာတွေခံစားသွားပါတယ်။ရင်နာရတာများလှပါပြီလေ..
    ReplyDelete
  4. တံဇဉ်ကိုင်သူ
    တူကိုင်သူ
    ဖိနပ် ပါးပေါက်သူ
    ဖနောင့်ပါးပေါက်သူ
    ပေါက်ပြဲစုတ်ပြတ်
    အငတ်ငတ်အပြတ်ပြတ်
    မှောက်အိတ်ရရက်တွေထဲ
    အမှောင်ပွန်းရှထားတဲ့
    ဒါဏ်ရာတွေကသွေးချင်းချင်းနီ
    ညှီစို့ စို့ ဘ၀တွေကို
    သံယောဇဉ်မဲ့စွာခုံမင်နေရ
    ဒါ-သူတို့ ရဲ့ ဘ၀တွေလေ။
    ဖတ်ရင်း ရိုးသားတဲ့တောင်သူလယ်သမားတွေအတွက် ကြေကွဲရပါတယ်
    ReplyDelete