နိုင်လိုမင်းထက်
ပြုကြံချက်ကြောင့်
ပဲ့ရွဲ့ ပျက်စီး
ပြည်တွင်းစစ်မီး
တရဲရဲ။
အာဏာအတွက်
လှည့်ကွက်ဆင်ရ
လိမ်ညာရ .......
တခါလိမ်ပြီး၊ ထပ်ပြီးလှည့်ဖျား
ချားရဟတ်လည်
အတုအရောင်လမ်းစဉ်
အာဏာရှင်ဖြစ်ခဲ့
တိုင်းပြည်ရဲ့ ကံကြမ္မာဆိုး
ဂျွမ်းထိုးတိမ်းမှောက်
သောကရေသောက်
ဒုက္ခကိုစား
လုံးပါးပါးခဲ့ မြန်မာပြည်။
ဒီမိုကရေစီ
ရေကြည်တစက် အမျှ
ရှာမရတဲ့ တိုင်းပြည်
အာဏာရှင်အနိုင်ကျင့်သမျှ
လည်စင်းခံကြရ။
ငါနဲ့ မတူ ----ရန်သူ
ငါနဲ့ ကွဲလွဲ ---ရန်သူပဲ
ရန္သူမွန္သမ်
ရှင်းရမယ် -----
ပဒေသရာဇ်
ဧကရာဇ်ဖြစ်ဖို့ 
အာဏာမြဲဖို့ ကြိုးစား
ကြိုးစားရင်းကျဆုံး
သမိုင်းအမိုက်ပုံးထဲမှာ
နေရာ တနေရာရရှိသွား။
ယနေ့ မြန်မာ တွင်ဖေါ်ပြပြီး
အာဏာအတွက်
ReplyDeleteလှည့်ကွက်ဆင်ရ
လိမ်ညာရ .......
တခါလိမ်ပြီး၊ ထပ်ပြီးလှည့်ဖျား
ချားရဟတ်လည်
အတုအရောင်လမ်းစဉ်
အာဏာရှင်ဖြစ်ခဲ့
တိုင်းပြည်ရဲ့ ကံကြမ္မာဆိုး
ဂျွမ်းထိုးတိမ်းမှောက်
သောကရေသောက်
ဒုက္ခကိုစား
လုံးပါးပါးခဲ့ မြန်မာပြည်။
လုံးပါးပါးတာက တကယ့်ပရုတ်လုံးပါကိုသုံည
ပြည်သူတွေလည်း နစ်လွန်းလို့အဝိစိထိရောက်နေပြီ
ကိုသုံညရေ
ReplyDeleteလာဖတ်သွားပါတယ်
လာဖတ်သွားခဲ့ပါတယ် ကိုသုံည
ReplyDeleteပျော်ရွှင်ပါစေဗှာ
ကဗျာဆရာမောင်သုံညဟာ ဘဝသက်တမ်း
ReplyDeleteမှာခံစားချက်တွေပြင်းထန်လာပုံပဲ
ကဗျာထဲမှာတွေ့မိတာပါ။