ယိုင်နဲ့ နဲ့  စက်ရုံ
ပိတ်ရက်များတဲ့ စက်ရုံ
မီးခိုးများတောင်
လွတ်လပ်စွာပျံသန်းခွင့်မရှိတဲ့ စက်ရုံ
စက်ရုံရဲ့ အလုပ်သမား
ဘယ်လိုများသူတို့ ရဲ့ ဘဝ
မီးခိုးလောက်လှပပါ့မလဲ။
သေနတ်ကျွမ်းကျင်တဲ့လက်
စီးပွါးရေး တွက်ချက်
ဘယ်လိုဖြစ်ပြီး
စီးပွါးတက်မှာလဲ
စီးပွါးမတက်
စီးပွါးပျက်တော့
နိုင်ငံခြားအလုပ်အတွက်
အေးဂျင့်တွေဖွင့်ခဲ့
ဟိုလိုလို အေးဂျင့်
ဒီလိုလို အေးဂျင့်။
ပျိုမြစ်သက်ငယ်
သက်ရွယ်မိန်းခလေးများ
ရောင်းကုန်ပစ္စည်းဖြစ်ခဲ့
စင်္ကပူ မလေး
ထိုင်းကိုပို့ ခဲ့ကြ
ကာမကျေးကျွန်အဖြစ်နဲ့ ပေါ့။
ပါမင့်ဆိုင်ရာ
အေးဂျင့်တို့ မှာ
ပြည်တွင်းမှအလုပ်သမား
ပြည်ပပို့ သွား
ခုနှစ်ရာထက်များပါမှ
စိတ်ချရသတဲ့။
အေးဂျင့်တို့ ရဲ့ နှမ
အမများမှာ
ဘယ်မှာဘယ်ဘ၀ မရောက်ခဲ့။
ပြည်သူ
မကြည်ဖြူတဲ့အာဏာ
ပါဝါလက်နက်နဲ့ 
ဖြိုဖျက်ခဲ့လူ့ ဘောင်
အမှောင်တခေတ်
ဖန်တီးဖြစ်ခဲ့
အနာဂါတ်တွေပျက်စီးခဲ့။
ကျောမချခင်ကတဲက
ဒမြမှန်းသိခဲ့ကြ
တိုက်ပွဲကအဲဒီကစခဲ့ကြပေါ့။
ဟစ်တိုင် တွင်ဖေါ်ပြပြီး
ကျောမချခင်ထည်းက
ReplyDeleteဒမြမှန်းသိခဲ့ကြ
တိုက်ပွဲ အဲဒီက စခဲ့ကြပေါ့ ။
အဲဒီတိုက်ပွဲ
အောင်မြင်မှုအပေါင်း
အလီလီဆောင်းနိုင်ပါစေလို့ 
ဆနွပြုလျှက် ။