Monday, February 22, 2010

စိန်ပေး မီးသွေးဝယ်မြင်ကွင်း

တခဏပျောက်ကွယ်
တရွေ့ ရွေ့ ပျောက်ကွယ်
ဘယ်လိုကွယ်ကွယ်
လွယ်လွယ်မြင်တာမဟုတ်။

လဲလှယ်ဝယ်မရ
အနဂ္ဃတန် ကာလနဲ့ 
အမြဲကြည့်မှမြင်။

ချီးမွမ်းဇာချဲ့ ၊ မကဲ့ရဲ့ ပါ
မြင်တာကိုမြင်တာရေး
နှောင်းလူကိုပေးခဲ့။

ဖြစ်မှဖြစ်ရလေ
ဖြစ်မှဖြစ်တတ်ပလေ
နှောင်းလူတွေ စာမတတ်ကြပေပဲ။

တိုးနိုင်(ဒဿနိက)

သူငယ်ချင်းတယောက်ရဲ့ ပေါက်ကွဲခံစားမှုလေးပါ၊အားပေးကြပါအုံး။

7 comments:

  1. ကိုသုံညရေ
    သူငယ်ချင်းကဗျာလေးကလည်းကောင်းမှကောင်း
    နန်း လည်းဒီတောင်ကကျော်နိုင်ပြီ
    မတွေ့တာကြာပြီနော်

    ReplyDelete
  2. ကဗျာက နက်နဲတယ်

    ReplyDelete
  3. ကျမတို့လူမျိုးတွေ
    အနာဂတ်အတွက် စိတ်ဓါတ်တွေပြင်ပြီး
    အများကြီးအလုပ်လုပ်ရအုံးမယ်

    ReplyDelete
  4. ကိုသုံညရေ
    မရောက်တာကြာပေါ့
    သူတို့အခြေခံဥပဒေမပြင်ရင်
    ၂၀၁၀ ပြီးရင် နှောင်းလူတွေ အနှစ်၁၀၀ ကျော်
    စာမတတ်ပဲအဝီစိရောက်လိမ့်မယ်

    ReplyDelete
  5. သူတို့ စာမတတ်တာထက်
    စာမတတ်ဘဲ လုပ်ချင်တာလုပ်နေတာက ပိုခက်တယ် ကိုသုံညရယ်

    ReplyDelete
  6. အေးဗျာ
    နှောင်းလူမပြောနဲ့ ဒီခေတ်လူတောင် ဘွဲ့ရပြီး
    အလုပ်မရှိအကိုင်မရှိနဲ့ ပြည်ပထွက်ကျွန်ခံနေရတယ်
    ပြည်ပကလည်း ကျွန်တော်တို့ဘွဲ့ကိုအထင်မကြီးကြဘူး

    ReplyDelete
  7. လာရောက်အားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။
    မိတ်ဆွေအပေါင်းတို့ 

    ReplyDelete