Sunday, February 14, 2010

သမိုင်းဖြတ်သန်းမှုရင်ခုန်သံ

ပြည်သူဟူသော
ပြည်သူတို့ 
ဘ၀တွေမွန်းနစ်
ပေးဆပ်ခြင်းနဲ့ စာချုပ်
ချွေး-သွေး-စတေး
သူ့ ဝမ်းရေး
တနေ့ လုပ် တနပ်မဝ
ဒုက္ခဆိုတာ
သူတို့ ဖွါးဖက်တော်။

အခြားတဖက်မှာ
စာမတတ်ပေမတတ်သော်လည်း
သွေးမုန်တိုင်းထဲ
ကိုယ်ကြိုးအတွက်
ရဲရဲမက်မက်
အထက်လူစေခိုင်း
နွာတပိုင်းဖြစ်စမ်းပါစေ
ချမ်းသာကြွယ်ဝနေ။

ဖြောင့်မတ်ရိုးသား
အမျိုးကောင်းသားများစွာ
ကမ္ဘာမြေအနှံ့ 
နိုင်ငံတကာစံ
ခြေဆန့် ရပ်တည်ကြပေါ့......
ပြည်တွင်းက မျိုးဆက်များ
ထောင်နံရံများစွာနဲ့ 
လက်မထပ်ပဲညားခဲ့ရ။

မြှော့နဲ့ ချင် တွေလိုသွေးစုတ်
အာဏာနဲ့ အမြတ်ထုတ်
ဆုတ်ယုတ်သူကား ပြည်သူတွေလေ..
သေသေကြေကြေ
ခြောက်ခြောက်ကြွေကြွေ
မဆိုင်သလိုပဲကြည့်နေ
အော်... မြွေတွေပါလား။

နေရာအခွင့်အရေးများစွာ
အာဏာအတွက်
ဘယ့်သူ့ ကိုမှမငဲ့ကွက်နိုင်
လူထုသွေးအိုင်ထဲ
ဇက်ရဲ လက်ရဲ သတ်ရဲသူတွေ...
ကြမ်းမလား ရမ်းမလား
ဒါးထမ်းမလား
ဘယ်လမ်းလိုက်မလဲ
လူထုကိုစိန်ခေါ်ရဲသူတွေ.....
တိုင်းပြည်ငါးပါးမှောက်
မှောက်ချင်မှောက်
ရောက်ချင်ရောက်
ပုလ္လပေါ်မှာထိုင်လိုသူတွေ....
အော်... ပြည်သူတွေရဲ့ သွေး
ပြည်သူတွေရဲ့ ချွေး
ခြေဆေးနေသူတွေ...... ။ ။

သစ္စာမဂ္ဂဇင်း တွင်ဖေါ်ပြပြီး။

3 comments:

  1. ကဗျာဖတ်ရင်းတွေးနေမိပါတယ်

    ReplyDelete
  2. ကဗျာလာဖတ်ပါတယ်
    ဝမ်းနည်းကြေကွဲစရာတွေပါ

    ReplyDelete
  3. ကဗျာလေးခံစားသွားပါတယ်

    ReplyDelete