အာရုံလင်းလက်
ရွာကျောင်းဘက်မှ
ခြောက်ချက်တုံးခေါက်
နေခြည်သောက်လျှက်။
ပိုက်ကွန်ကိုထမ်း
ရွာနောက်လမ်းမှ
တံငါ့ရိုးရာ
ဝမ်းရေးရှာဘို့ 
သောင်ကမ်းခြေမှခွါလျှက်။
ပင်လယ်ပြင်ထဲ
ပိုက်ကွန်ဆွဲတုံး
လှိုင်းလုံးပဲ့တင်
မုန်တိုင်းဆင်စ
ငါ့ရင်သောကဖြာလျှက်။
အဲဒီနောက်
မြင့်မောက်လှိုင်းများ
ကြုံးဝါးအော်ဟစ်
တိုက်စစ်ဆင်ပြီ
ငါ့ဆီရှေ့ ရှုပြေးလာလျှက်။
ငါကားအံကြိတ်
ဇနက္ကစိတ်မာန်
ရုန်းကန်လှော်ခတ်
တက်မရပ်တမ်း
အားမာန်စွမ်းသမျှ
အသက်လုလျှက်။
အိမ်မှသမီးသား
ဇနီးမယားတွက်
လှူရေးတန်းရေး
လူမှုရေးတွက်
ထိုထိုအရေး
မျော်ရည်တွေးလျှက်။
ငါ၏စွမ်းအား
ကံတရားကြောင့်
တက်မကျိုးလှေမမှောက်
ကမ်းခြေရောက်ရေး
စိန်ဓါတ်မွေးလျှက်။
ပင်လယ်ပြင်ဘက်
လှိုင်းငြိမ်သက်
နေ့ သစ်အတွက်
ငါပြင်လျှက်။
ဝမ်းရေးအတွက်၊ တံငါသည်တို့ အဖြစ်။
အလွမ်းပြေလေးပါ၊ တိုက်ဆိုင်သူတို့  အပြုံးလေးများဖြင့်ရထားနောက်ပြန်မောင်းနိုင်ကြပါစေ။
ဖတ်သွားခဲ့ပါတယ်ကို သုည ရေ
ReplyDeleteပင်လယ် ကမ်းခြေနဲ့  ရွာကို ပြေးမြင်မိပါရဲ့ 
ကဗျာလေးကို ဖတ်ရင်း ပုံရိပ်တွေကို မြင်ယောင်မိပါတယ် ကိုသုညရေ
ReplyDeleteကောင်း၏ဗျာ... :)
ZaunG
ကဗျာလေးဖတ်ပြီး ပင်လယ်ပြာနဲ့တံငါရွာလေးတွေကို မြင်ယောင်မိတယ်။
ReplyDeleteကဗျာလေးက လွမ်းစရာလေးကိုသုံညရေ