အာ၇ုံလင်းလက်
ဓနိဖက်ပေါက်
နေချည်ပြောက်တန်း
ပန်းစင်္ကြာလှည့်
ကျိုးပဲ့ကြမ်းပေါ်ကခုန်လျှက်။
နူးညံ့လူ့ နှလုံးသား
အလှတရားခံစားတတ်ရဲ့ 
ဒါပေမဲ့
အစာအတွက်
နေထွက် နေ၀င်
အားအင်ခမ်းမျှ
ရုန်းကန်ကြရင်း
ဖောင်စီးရင်းရေငတ်
ငတ်ပြတ်မွဲတေ
ပြည်သူတွေ။
စိတ်ကို ခဒေါင်းကျိုက်
ခပ်မိုက်မိုက်
လူသတ်ဒမြတိုက်
လက်နက်အားကိုး
ပြည့်သူ့ ဘဏ္ဍာအချောင်ခိုးသူတွေ။
ငမိုက်ငရဲသား
ဂုတ်သွေးစုတ်သူများလက်အောက်
ဒူးထောက်ကြောက်ရမတဲ့လား
အဖိနှိပ်ခံပြည်သူတွေ
အသေခံရမှာလား။
ပြည်သူရဲ့ 
အသိန်းအသန်း ကုဋေလက်
ထက်မြက်ညီညွတ်အား
တသားတည်းတလွှာတည်း
စုစည်းပြောင်းလဲပစ်
ခေတ်သစ်ထူထောင်မှ
ခါးသီးဘ၀မှလွှတ်မြောက်မယ်။
ဝတ်ကြေ တန်းကုန်
တာဝန်ကျေရုံမျှ၊ ဟန်ပြသမား
ဆိုဖာထိုင်ခုံထက်
မှေးစက်သူများ ထားခဲ့ပေတော့။
သူရိယ တွင်ဖေါ်ပြပြီး
အဟာရ စာစောင်တွင်ဖေါ်ပြပြီး
ကိုသုံညရှင့်
ReplyDeleteဆန်းသစ်သော လေးလုံးစပ်ကဗျာလေးကိုဖတ်သွားပါတယ်။
ခင်မင်စွာဖြင့်
ကျတော်လည်းလာဖတ်ခဲ့ပါတယ်
ReplyDeleteစုစည်းပြောင်းလည်းပစ်
ခောတ်သစ်ထူထောင်မှ
ခါးသီးဘ၀က လွတ်မြောက်ချင်ပေမယ့်
ဝတ်ကျေ တန်းကုန်
တာဝန်ကျေယုံမျှ ဟန်ပြသမားတွေ
များနေတဲ့ဘ၀မှာ
ကျတော်ဘာများလုပ်ပေး ရမလည်း ကိုသုည ရယ်------။
ကဗျာလေးလာဖတ်ပါတယ်ဗျာ
ReplyDeleteကိုသုံည ဆိုက်မှာ ဂျိုးဖြူလေးကငြိမ်းချမ်းရေးသံလွင်ခက်ကိုချီပြီး
အဖြူရောင်ကိုယ်နဲ့အပြာရောင်နှလုံးသားပိုင်ရှင် သင့်ရဲ့ သံလွင်ခက်နဲ့  ငြိမ်းချမ်းရေးရေစင် ဖျန်းပက်လဲ့ပါ ဆိုတဲ့ စာသား တွေ့ရတော့
စိတ်ထဲတမျိုးကြီးဗျာ။
ကောက်ကျစ်တဲ့ စစ်အာဏာရှင်တွေက ၂၀၀၈ အခြေခံဥပဒေကို မပြင်ဆင်ပဲ
နိုင်ငံရေးအကျဉ်းသားတွေမလွှတ်ပေးပဲ
ငါ့မြင်းငါစိုင်းနေကြတာ။
ဘယ်လိုများငြိမ်းချမ်းနိုင်ပါ့မလဲလို့မေးခွန်းထုတ်ချင်တယ်ဗျာ။
ဂျိုးဖြူငှက် ဟာ အတောင်ကျိုးဆဲပါလို့ ပြင်သင့်ပါတယ်ဗျာ။
ကိုသုံညရေ
ReplyDeleteကဗျာဖတ်သွားတယ်
This comment has been removed by the author.
ReplyDeleteကဗျာတွေသေချာဖတ်သွားပါတယ်
ReplyDelete