Sunday, January 31, 2010

ကဲ

အာရုံဦးလှလှ
လောကပေါ်ဖိတ်ကျ
ဝေစုရခဲ့နေခြည်မျှင်
မြန်မာပြည်မြေပြင်ပေါ်မှာ
အသာအယာ ဆင်သလို့ 
သို့ ပါသော်
တိုင်းပြည်ရဲ့ အဖြစ်က
မှေးစက်ခေါင်း(ဂေါင်း)ငိုက်
ကြက်အိုမိုက်လို
တွန်သံမချိုဘူး
တောင်ပံရိုက်သံ
မသန်ပြန်ဘူး
သေနတ်သံညံလို့ ။

စစ်အာဏာရှင်စနစ်
အဲဒီနှစ်ကစ
အမှန်တရားတွေ
သဲပြင်ပေါ်ရေကျ
ပြန်ကောက်မရသလို
ဖိတ်ကြလွင့်ကြွေ
ငါတို့ ပြေ(ပြည်)မှာ။

ပြည်သူများစွာ
ဘ၀ပေါင်းများစွာ
ရန်သူမျိုးတွေ
ငါးပါးမကငါးပါးနဲ့ 
ဖွါးဘက်တော်ဖြစ်ခဲ့ရ။

မွေးရက်နဲ့ အတူ
အခွင့်ရေးဟူသမျှ
စစ်ဒါး(ဓါး)နဲ့ အဖြတ်ခံခဲ့ရ
အလင်းရှိလျှက်မှောင်နေ
ငါတို့ ပြေ(ပြည်)မှာပေါ့။

တရက်လုပ်မှ
တနပ်မဝ
ပြည်သူတွေရဲ့ ဘဝ
ပြည်တွင်းမှာကျွန်ဖြစ်ရ
ပြည်ပမှာကျွန်ဖြစ်ရ
အမျိုးကောင်းတချို့ 
မိန်းမလှလေးတချို့ 
-----------ဖြစ်ရ
-----------ဖြစ်ရ
မြန်မာပြည်ရဲ့ ဘဝ
မလှပလိုက်တာ။

ငါနဲ့ 
ငါရဲ့ သွေးစွန်းထင်း
အနီရောင်ကျောပိုးအိတ်
အတင်းထိုးမသိမ့်ပေမဲ့
သမိုင်းအရိပ်တွေပြည့်လို့ ။

တင်းကျပ်နေတဲ့ရင်ဘတ်
ခဏသော့ခတ်
မျော်လင့်ချက်အရပ်ရပ်နဲ့ 
အပြာရောင်ကောင်းကင်မှာ
မုန်တိုင်းတွေကြားထဲ
ဗိုက်ဟောင်းလောင်းမဖြစ်ဖို့ 
ရုန်းကန်ရင်းရှေ့ သို့ ။

ဒီကြားထဲ
အားတကိုးနဲ့ 
ကြည်ညိုဖို့ 
မှီခိုကြည့်ကာမှ
လာမဲ့ဘေးပြေးကွေ့ 
ထိုင်ခုံလှလှလေး-သူတွေ့ 
ဘ၀ကိုမေ့
ဦးတည်ချက်ကိုမေ့
-------------မေ့
------------မေ့
အရာအားလုံးကိုမေ့
မေ့ရက်လေခြင်း
စည်းအပြင်ရောက်သူတို့ ရယ်။

စည်းအတွင်းမှာ
တထည်တည်းပွဲမတိုး
လက်နက်အားကိုးနဲ့ 
စနက်ဆိုးကိုဆေးချယ်
မက်လုံးနဲ့ ပေးဝယ်
ရွေးပြီးကောက်တဲ့
ရွေးကောက်ပွဲ။

ကဲ

သေဖူးပြီးပြီ
ပျဉ်ဖိုးနားလယ်(လည်)တယ်
ငါတို့ မယုံဘူး။

မျိုးဆက်အတွက်
ဒုတိယပဲဖြစ်ဖြစ်
ပထမပဲဖြစ်ချင်ဖြစ်
လွတ်လပ်ရေးအတွက်
အသက်ခန္ဓာ
အပြန်တရာပြတ်စဲ
အသက်ငင်ဆဲ
တဘ၀င်လေးကျန်
အားမာန်နဲ့ လက်ဆန့် 
မရပ်တန့် ကြေး
တို့ တော်လှန်ရေး
အသက်ပေးလို့ 
စစ်ဘီလူးအောက်
ဒူးမထောက်ဘူး။

မှတ်ချက်(ရွေးပြီးကောက်တဲ့ရွေးကောက်ပွဲ)သည် ကဗျာဆရာအောင်ဝေး ရဲ့ စကားလုံးဖြစ်ပါသည်။

5 comments:

  1. မျက်မမြင်ပုဏ္ဏားလေးဦး ပေါင်းစပ်၍ ဒီမိုကရေစီကို အဓိပ္ပာယ် ဖွင့်ကြလေသည်။
    “ဒီမိုကရေစီဆိုတာ ရသမျှ အခွင့်အရေးကို မလွတ်အောင် သေနတ်ကို တွင်တွင်သုံးပြီး ငါတို့ထုတ်ထားတဲ့ စည်းကမ်းအတိုင်း ရွေးထားတဲ့သူကို တင်မြှောက်တာဟာ ဒီမိုကရေစီပဲကွ ဟားဟား ဟားဟား ဟားဟား ....”
    ခေတ်သစ် မျက်မမြင်ပုဏ္ဏားလေးဦးသည် ထင်ရာစိုင်းနေကြလေပြီတကား။ ။

    ReplyDelete
  2. ကဗျာလေးကပြည့်စုံသလေက်ပြည့်ပါ၏၊နယ်စပ်ကိစ္စများနည်းနည်းလိုနေသလားလို့ 

    ReplyDelete
  3. ကဗျာဖတ်ပြီးခံစားရတယ် မောင်သုံညရေ

    ReplyDelete
  4. နားလည်သလိုလိုနဲ့သိပ်နားမလည်ဘူး

    ReplyDelete