တော်လှန်ရေးရဲ့ အေကေ
ရန်သူရဲ့ ဂျီသရီး
စစ်မီးတောက်ထဲ
တရဲရဲ။
ကျေးလက်ရဲ့ ရင်ကွဲသံ
မိုးထိညံသွား
စက္ကန့် နဲ့ မခြား
ကြွေလွင့်သွားခဲ့
စပ္ပါယ်ဖြူတွေ။
ဖြူလွှပွင့်လွှာ
ပွင့်ချပ်လွှာတွေ
ခရေရိုင်းများစွာ
ဖူးပွင့်လွှာတွေ
အချိန်မဲ့ကြွေခဲ့ရ။
စစ်မီးလျှံအောက်
ပြည့်ဘဏ္ဍာတွေလဲပျောက်
အရိုးတွေတောင်လိုမောက်။
အဖေပျောက်များစွာ
အမေပျောက်များစွာ
အဘိုးပျောက်များစွာ
အဖွါးပျောက်များစွာ
အကိုပျောက်များစွာ
ညီပျောက်များစွာ
အစ်မပျောက်များစွာ
ညီမပျောက်များစွာ
-------- များစွာ
-------- များစွာ
အာဏာရှင်စနက်အောက်
ဂျွမ်းထိုးတိမ်းမှောက်။
အလင်းအိမ် မဂ္ဂဇင်း(အတွဲ၎)(အမှတ်၃)တွင်ဖေါ်ပြပြီး။
အဲဒါကြောင့်မို့  ကျွန်တော်ထပ်ပြောလိုက်တယ်
မုဆိုးနားနီး
ကျွမ်းကျင်ရက်စက်
လူသတ်လက်ဖြင့်
ထုဆစ်ရုပ်ပုံ
ဆေးရောင်စုံစွက်
ဘယ်သို့ ပျော့ပြောင်း
မင်းကောင်းသားလှ
ရကောင်းမည်နည်း။
မုဆိုးနားနီး ကဗျားလေးကို ဟစ်တိုင် တွင်တင်ထားပြီးပြီ။
ဖြူလွှပွင့်လွှာ
ReplyDeleteပွင့်ချပ်လွှာတွေ
ခရေရိုင်းများစွာ
ဖူးပွင့်လွှာတွေ
အချိန်မဲ့ကြွေခဲ့ရ။
ဟုတ်တယ်
ကြွေချိန်မတန်သေးခင်
ကြွေသွားခဲ့ရတဲ့ ပန်းကလေးများစွာ အတွက်
ဘယ်လိုအစားပြန်ပေးနိုင်မလည်း ကျတော်စဉ်းစားလို့ မရသေးဘူးဗျာ
ကဗျာဖတ်သွားပါတယ်
ReplyDeleteကဗျာဆရာရဲ့ စိတ်ကို ဂျစ်တူး နဲနဲဋ္ဌေကာက်သွားမိတယ်-အဲဒါတကယ်ဘဲ
ReplyDeleteကဗျာကြွေးတွေလာဖတ်ပါတယ်
ReplyDeleteအဖေပျောက်များစွာ
ReplyDeleteအမေပျောက်များစွာ
အဘိုးပျောက်များစွာ
အဖွါးပျောက်များစွာ
အကိုပျောက်များစွာ
ညီပျောက်များစွာ
အစ်မပျောက်များစွာ
ညီမပျောက်များစွာ
-------- များစွာ
-------- များစွာ
အာဏာရှင်စနက်အောက်
ဂျွမ်းထိုးတိမ်းမှောက်။
မောင်သုံညရေ
အခုမှရောက်တယ်
ကဗျာလေးခံစားသွားတယ်