Friday, January 15, 2010

မေ့နိုင်ရိုးလား

စင်စစ်တော့
စစ်ဆိုတာ
မကောင်းဆိုးဝါး
မကောင်းဆိုးဝါးဆိုတာ
ကံနိမ့်မှတွေ့ ရတာတဲ့
မြန်မာပြည်က ကံနိမ့်လို့ လား?
မကောင်းဆိုးဝါးက များလို့ လား?

ငါ့အသိမှာ
ရှစ်ဆယ့်ရှစ်နဲ့ အရေးခင်းတွေက
ငါ့ရင်ဝကို
မနားတမ်းထွန်ယက်
ဘယ်အချက်နဲ့ 
ချေဖျက်လို့ ရမလဲ
ဓါတ်ကြီးလေးပါးရပ်စဲ
သွေးခဲသွားပါစေ
ကမ္ဘာမကြေဘူး။

No comments:

Post a Comment