ကျေးဇူးအရှင်၊ မွေးဖခင်က
ပင်လယ်မှအပြန်၊ ငါးတန်ကိုထိမ်း
ပိုက်ကွန်ထိမ်းလျှက်၊ ရွာလမ်းသို့ ဝင်
အမေမြင်ရ၊ ယုယထွေးပွေ့ 
အကြင်နာငွေ့ ဖြင့်အပမ်းဖြေခဲ့။
မွေးမိခင်မှာ
ဖခင်ရောက်ချိန်၊ နေညိုချိန်ကျ
မျှော်စောင့်ရပေါ့၊ အလှခြယ်ထား
သနံ့ ခါးနံ့ 
သင်းပျံ့ ပါးပြင်မွှေးကြူလျှက်။
တနေ့ 
မိုးသက်လေရိုင်း၊ မုန်တိုင်းထန်စွ
လှိုင်းကမြင့်မောက်၊ တောင်မြောက်ဝဲယာ
ဘယ်မှာဆိပ်ကမ်း၊ ရွာလမ်းမမြင်
ခိုဝင်နားစရာ၊ ကမ်းမဲ့စွာ
ကြမ္မာရိုင်းက၀င်ပြီတကား။
မုန်တိုင်းစဲချိန်
လှိုင်းလေငြိမ်သောခါ၊ တံငါသည်တို့ 
ရွာသို့ ရောက်လာ၊ ပြန်လာသူထဲ
ဖခင်ကိုမမြင်
တမင်နောက်ချန်ခဲ့လေသလား။
ထိုနေ့ မှစ
မိခင်ခမျာ၊ ဗျာပါပွေရ
တသမျော်ကိုး၊ ပြန်လာနိုးဖြင့်
စိတ်ညိုးငယ်စွာ၊ နေ့ များစွာတို့ 
လှိုက်စို့ စေခဲ့
ဖခင်ပြန်ချိန်၊ နေညိုချိန်များ
လွန်မြောက်သွားရ၊ သောကမီးဝိုင်း
အရူးတပိုင်းဖြစ်အင်၊ မွေးမိခင်ကို
ဘယ်လိုဖြေသိမ့်ရမယ်ပါ့။
လောကထွဋ်တင်
အရှင်မြတ်အား၊ ရှောက်ထားပါ၏
ကြမ္မာအရိုင်း၊ ထိုမုန်တိုင်းနှင့်
မတွေ့ ကြုံ၊ ဆုံရပါသည်
ကြမ္မာဆိုးမှ၊ လွတ်မြောက်ရစေ
ဆုချွေပါ၏အရှင်ဘုရား။
အမေနှင့်ရွာကိုလွမ်းလို့  ဝေးခဲ့တာလဲကြာပြီလေ။
ကျွန်တော်ကြီးပြင်းခဲ့တဲ့ "လိပ်ဥသောင်" ရွာကလေးကိုပါ။
အမေနှင့်ရွာကိုလွမ်းလို့  ဝေးခဲ့တာလဲကြာပြီလေ။
ReplyDeleteကျွန်တော်ကြီးပြင်းခဲ့တဲ့ "လိပ်ဥသောင်" ရွာကလေးကိုပါ။
ကိုသုံည ရွာအမည်လေးကအဆန်းသားနော်
လိပ်ပေါလို့လား