သွေးစွန်းနေတဲ့
ပခုံးပေါ်ကကြယ်လုံးကို
လည်ကတုံးနှင့်ခဏလဲ
ဒါ-သူတော်ကြီးပဲလို
မိတ်ဆက်
အရှက်လဲမရှိဘူး။
ကျုပ်တို့ ကို
တစ္ဆေမကြောက်တိုင်း
မျက်ကန်းလို့ မစွတ်စွဲနဲ့ 
ဂျီသရီးကျည်ဆံ
မှန်ရင်သေတယ်
ကျုပ်တို့ သိတယ်လေ
ဒါပေမဲ့
ကျုပ်တို့ ရင်ဆိုင်ခဲ့
ပရိတ်ရွတ်လို့ မကျွတ်တိုင်း
ဘုန်းကြီးတစ္ဆေလို့ မပြောနဲ့ 
ပရိတ်ရွတ် ကျွတ်သတဲ့
ကာဖြူးထုပ် ထွက်မဟဲ့။
တကယ်တော့
ယုတ်မာတာဒင်းတို့ 
ပြည်သူကကျွေးတဲ့
ထမင်းကိုစား
ပြည်သူ့ အပေါ် ရမ်းကားတာ
ဒီထက်ကျေးဇူးကန်းတာများရှိသေးလို့ လား။
သံဃာကိုပြစ်မှား
ရိုတ်လားသတ်လား
အပယ်ငရဲလားတာ
ငပလီအပျော်ထွက်တယ်လို့ ထင်သူတွေ
တဆယ့်တစ်သုတ်ပရိတ်ကြီး
နားငြီးအောင်ရွတ်လဲ
ရယ်ကျဲကျဲသွားဖြီးနေသူတွေ
မင်းတို့ အတွက်
အရိုးကျေကျေ
အရေခမ်းခမ်း
ငါတို့ မမောပမ်းတန်းတော်လှန်နေမယ်။ဲ
တကယ်ပါ တိုက်ပွဲအတွက်သုံးတဲ့လက်နက်တူချင်မှတူမယ် ဒါမဟုတ် တိုက်ခိုက်တဲ့ပုံစံပေါ့။
သူရိယ တွင်တင်ပြပြီး
သံဃာကိုပြစ်မှား
ReplyDeleteရိုတ်လားသတ်လား
အပယ်ငရဲလားတာ
ငပလီအပျော်ထွက်တယ်လို့ ထင်သူတွေ
တဆယ့်တစ်သုတ်ပရိတ်ကြီး
နားငြီးအောင်ရွတ်လဲ
ရယ်ကျဲကျဲသွားဖြီးနေသူတွေ
မင်းတို့ အတွက်
အရိုးကျေကျေ
အရေခမ်းခမ်း
ငါတို့ မမောပမ်းတန်းတော်လှန်နေမယ်။ဲ
မှန်လိုက်တာရှင်