မိုးကောင်းကင်
ရွှေရင်ခွင်မှ
ပွင့်အံပြေကျ
ရွှေအိုအလှနဲ့
ကြွကြွရွရွ
ခြယ်ဆင်သလျှက်
အလှပန်းချီ
မမှီဘယ်ဆေး
သာအေးတို့ ယာခင်းပေါ်မှာ။
ရွှံ့ညွန်နွံခွက်
နောက်ချေးဗွက်
ရွာကျက်သရေဆောင်
မဲချိတ်မှောင်။
ကျေးလက်ရွာသား၊ လယ်လုပ်သား
မြေရဲ့ သမီးသား
သူတို့ခြေလက်
ပြောင်လက်သမန်းဆီ
မြေဆီလိမ်းခြယ်
မြေဆီရနံ့သင်း
မြေဆီ တ၀င်းဝင်း
ဆင်းရဲတွင်းထဲက
ရုန်းကန်ကြရဘ၀၊ လှပ
ယောက်မ .... ရေ
ယောက်ဖ .... ရေ
လာဟေ့ဆူညံ
လယ်ကွင်းလျှံအောင်
လွင့်ဖိတ်မြူးကြွ
တေးအလှနဲ့
ပျိုးထမ်းပျိုးသယ်
အရွယ်ရယ် စုံလို့
သာအေးတို့လယ်ကွင်းမှာ။
ပျိုးစပါး ဘယ်လက်
ညာလက်ဖြင့်ခွဲသင်
သုံး လေး ပင်
စိုက်ချမြေနုံး
မြော့ .... တ ရုံးရုံးနဲ့။
သစ္စာမဂ္ဂဇင်းတွင်ဖေါ်ပြပြီး
ဖတ်သွားတယ် ကိုသုညရေ
ReplyDeleteကျတော့် ရွာတောင် ပြန်သတိယသွားတယ်ဗျာ
ကဗျာဖတ်ပြီး ရွာကိုလွမ်းတယ်တော့
ReplyDeleteသင်္ကြန်မှာဗုံးတွေပေါက်နေပြီး
မကြာခင်လူဖမ်းပွဲကြီးလုပ်နိုင်တယ်
သူတို့ထုံးစံလေ
ပြည်တွင်းက သူ တွေအတွက်ပဲ
ဆုတောင်းပေးပါ ကိုသုံည