သူရိယ တွင်တင်ပြပြီး
ယန္တရားဆန်တဲ့လောက
ငါကစက်ရုပ်လိုဘဝ
ရောင်စုံမက်လုံးတွေနဲ့ 
ဘ၀ရဲ့ တွန်းအား
တရွေ့ ရွေ့ ပြေးလွှားလာခဲ့
ပြက္ခဒိန်တွေက အကြင်နာမဲ့စွာခရီးဆက်
စက္ကန့် လေးတွေက အတိတ်ကိုမခင်တွယ်
အိုင်းစတိုင်းရဲ့ နိုင်းယှင်ချက်တန်ဖိုး
ရိုးရိုးလေးရှိနေခဲ့။
ဒါပေမဲ့
သွေးဆိုးသူတို့ 
အခွင့်ကောင်းကို အလစ်ချောင်းသူတို့ 
ခေါင်းပုံဖြတ်စီးပွါးရေး
သွေးစုတ်ရေးနဲ့ လူသတ်စစ်ဒါးသွေးနေကြ
မျိုးစုံအခင်းအကျင်း
လည်စင်းလိုက်ကြရ
ဖြူလွှကြယ်ပွင့်ကလေးများစွာ
ရောနောပါသွားခဲ့ပေါ့။
ကိစ္စတရပ်
လက်နက်နဲ့ ဖြေရှင်းမရတာတော့သိတယ်
မာနနဲ့ ငါကွအတ္တ
နျူးကလီးယားထုပ်ပြခြိမ်းခြောက်
ကမ္ဘာကြီးမှောက်ခုံပက်လက်
အစွမ်းထက်တယ်ဆိုပြီးကစားချင်သူတွေ
ရမက်တချက် သတိလစ်ရင်
ပင်တဂွန်နဲ့ ကရမလင်
ဘယ်သူအရင်ခလုပ်နိမ်မလဲ
ရင်ခုန်စွာနဲ့ မျော်ကြည့်နေရဆဲပဲ။
ပြဿနာ
ပြဿနာကိုအဖြေရှာ
ဘယ်နေရာ၊ ဘယ်လူမျိုး
ဘယ်ခေတ်၊ ဘယ်စနက်မျိုးမှာပဲဖြစ်ဖြစ်
စစ်တန်ခိုးတွေစုံအောင်ပြခဲ့ပေမဲ့
ဆွေးနွေးခြင်းနဲ့ သာအဆုံးဖြတ်
နောက်ဆုံးအဆုံးသတ်ရစမြဲပါ။
"The war is not the answer"
အဖြူရောင်ကိုယ်နဲ့ 
အပြာရောင်နှလုံးသားပိုင်ရှင်
သင့်ရဲ့ သံလွင်ခက်နဲ့ 
ငြိမ်းချမ်းရေးရေစက်
သွန်းပက်ဖျန်းလဲ့ပါအုံး။
ဖူးပွင့်ဝေ မဂ္ဂဇင်းတွင်တင်ပြပြီး
ဒါပေမဲ့
ReplyDeleteသွေးဆိုးသူတို့ 
အခွင့်ကောင်းကို အလစ်ချောင်းသူတို့ 
ခေါင်းပုံဖြတ်စီးပွါးရေး
သွေးစုတ်ရေးနဲ့ လူသတ်စစ်ဒါးသွေးနေကြ
မျိုးစုံအခင်းအကျင်း
လည်စင်းလိုက်ကြရ
ဖြူလွှကြယ်ပွင့်ကလေးများစွာ
ရောနောပါသွားခဲ့ပေါ့။
ကဗျာစာသားတွေလှတယ်ရှင်
အဖြူရောင်ကိုယ်နဲ့ 
ReplyDeleteအပြာရောင်နှလုံးသားပိုင်ရှင်
သင့်ရဲ့ သံလွင်ခက်နဲ့ 
ငြိမ်းချမ်းရေးရေစက်
သွန်းပက်ဖျန်းလဲ့ပါအုံး။
မျှောလင့်တာတွေတနေ့ရမှာပါရှင်