ဒီကဗျာလေးကတော့ ရင်ဘတ်တူသူ"တယောက်"ကိုအားကျပြီးရေးတဲ့ကဗျာလေးပါ။
သဘာဝတရားကြီးက မြင့်မြတ်
သူတို့ တတွေက ကမ်းကုန်အောင်ယုတ်ညံ့နေတာကခက်တယ်
သဘာဝတရားကြီးက လွတ်လပ်
မြန်မာပြည်သူဘ၀ပေါင်းများစွာမွန်းကြပ်နေရတာကခက်တယ်
သဘာဝတရားကြီးက ပုံမှန်
သူတို့ တွေက ဗြောင်းဆန်အောင်ဖေါက်ပြန်နေတာခက်တယ်
သဘာဝတရားကြီးက အရာရာကိုသီးခံ
သူတို့ ရဲ့  နှလုံးသားနဲ့ ဦးနှောက်ထဲမှာ ရမက်မီးလျှံတွေ
ဘယ်လိုမှငြိမ်းသတ်မရလောက်အောင်တောက်လောင်နေတာကခက်တယ်
သဘာဝတရားကြီးက
လောကသားအားလုံးအတွက်အညီအမျှ
အခွင့်အရေးတွေရွာချပေးခဲ့ပေမဲ့
အစွယ်ပြူးပြူးလောဘ ဘီလူးတွေကလုယက်နေကြတာကခက်တယ်။
ဟိုတလော
ပြည့်သူ့ ဘဏ္ဍာတိုက်
အကြောင်းပြချက်မမှန်နဲ့ သိမ်းပိုက်
ပြည်သူတွေမှာ
ဒုက္ခဘဏ္ဍာတိုက်
မထိုက်မတန်ပဲရလိုက်။
တိုင်းပြည်အတွက်ညှိနိုင်း
ဆွေးနွေးစကားဝိုင်းတက်ကြ
လူထုကတောင်းဆိုကြ
နိုင်ငံတကာကခွန်းဆင့်ကြ
သူတို့ ကကျည်ဆံပေးနေတာကခက်တယ်။
ဒါးသွားပေါ်လမ်းလျှောက်
သေနတ်ကိုကြောက်ပေမဲ့
ဆန္ဒကပ်ပြားနဲ့ မဲပေးခဲ့
လူထုအစိုးရဖွဲ့ စည်းခွင့်ပေးပါ
သူတို့ ကအာဏာလွဲမပေး
ဘေးဖယ်ထားတာမခက်လား။
ပြည်သူလူထုဆိုတာ
သူတို့ အတွက်အလေးထား
လေးစားစရာမဟုတ်
နိုင်ငံတကာကိုအလေးအထားပြု
အာရုံပြုစရာမလို
မိမိကိုယ်ကိုနိုင်ငံတော်တဲ့
ကိုယ့်ကိုယ်ကိုဘုရင်မြှောက်
မြင်းမှာဂျို(ချို)ပေါက်နေတာကခက်တယ်။
မခက်နဲ့ကိုသုံည
ReplyDeleteတိုက်ရဲသူတွေအတွက်
အောင်ပွဲရှိတယ်
အောင်ပွဲ
ReplyDeleteအောင်ပွဲ
အောင်ပွဲ
အောင်ပွဲ
အောင်ပွဲ
ကောင်းလိုက်တဲ့ကဗျာ...........
ReplyDeleteမကဗျာဥိးပြောသလိုပါဘဲ
ReplyDeleteအောင်ပွဲဆိုတာ တိုက်ရဲသူအတွက်ပါ
ဖောက်ပြန်သူတွေအတွက်ကတော့------
နှစ်သစ်မှာပျော်ရွှင်ပါစေ
ReplyDeleteနန်းလည်း ဆိုက်ပြင်နေလို့
ကဗျာလာဖတ်ပါတယ်ရှက်
ReplyDeleteဟီးးးးးးးးးး
ReplyDeleteစာရိုက်တာမှားသွားတယ်
လာဖတ်ပါတယ်
ReplyDeleteလင့်ထားပါရစေရှင့်